Why Motivating People Doesn’t Work and What Does

Susan Fowler
  •  16 min
  •  Audio Available

သင့်ရဲ့လုပ်ငန်းခွင်မှာ သင့်ကို အမှန်တကယ် တွန်းအားပေးနေတဲ့အရာက ဘာဖြစ်ပါသလဲ။ ဘယ်အရာ တွေက သင့်ရဲ့နေ့စဉ်ဘဝကို စိတ်အားထက်သန်မှုအပြည့်ဖြစ်အောင်၊ ရည်ရွယ်ချက်အပြည့်ဖြစ်အောင် တွန်းအား ပေးနေပါသလဲ။ ဒါကို သင် စဉ်းစားဖူးပါသလား။ 

တစ်ခါတလေ ဒီမေးခွန်းက ကျွန်မတို့ရဲ့အတွေးထဲမှာပဲ ရှိနေတတ်တာပါ။ ဒါပေမဲ့၊ ဒီမေးခွန်းထဲမှာ ကျွန်မ တို့ရဲ့ အစွမ်းအစတွေကို အပြည့်အဝ ဖော်ထုတ်ပေးနိုင်တဲ့အဖြေတစ်ခု ရှိနေပါတယ်။ စဉ်ဆက်မပြတ် ပြောင်းလဲ နေတဲ့လောကကြီးမှာ စိတ်အားထက်သန်မှုနဲ့ပတ်သက်ပြီး ကျွန်မတို့ လက်ခံထားတဲ့ သမားရိုးကျ အယူအဆတွေ က ထင်သလောက် အကျိုးထိရောက်မှု မရှိပါဘူး။ 

ဒါပေမဲ့၊ သင် အပါအဝင် သင့်ပတ်ဝန်းကျင်က လူတွေကိုပါ လှုံ့ဆော်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် စစ်မှန်တဲ့ စိတ်အားထက်သန်မှုရဲ့အနှစ်သာရကို ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် ဆုပေးဒဏ်ပေး အယူအဆထက် ပိုလေးနက်တဲ့ အယူအဆတွေကို ဖော်ပြထားပါတယ်။ သင်က လူတွေရဲ့စိတ်ကို နက်နက်နဲနဲ ဖတ်တတ်တဲ့အခါ ခေါင်းဆောင်မှုအပိုင်းမှာသာမက သင့်ကိုယ်ပိုင်ဘဝမှာပါ တိုးတက်ပြောင်းလဲ လာပါ လိမ့်မယ်။ 


    • လုပ်ငန်းတစ်ခုမှာ ခေါင်းဆောင်ပိုင်း တာဝန်ယူထားရသူတွေ။ 
    • ပိုမိုထိရောက်တဲ့ လုပ်သားအင်အား ပိုင်ဆိုင်ချင်သူတွေ။ 
    • မိမိကိုယ်ကို တိုးတက်အောင် မြှင့်တင်နေသူတွေ။ 


    • စစ်မှန်တဲ့ စိတ်အားထက်သန်မှုကို ဆုပေးဒဏ်ပေးစနစ်နဲ့ မြှင့်တင်လို့ မရကြောင်း။ 
    • အုတ်ကလန်း အေ ဘေ့စ်ဘောအသင်း (Oakland A’s)ရဲ့ အထွေထွေမန်နေဂျာက အကျိုးအမြတ်များတဲ့ ကမ်းလှမ်းချက် (Boston Red Sox) ကို  ဘာကြောင့် ငြင်းဆန်ခဲ့ကြောင်း။ 
    • လူတွေရဲ့ တူညီတဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် ၃ ခု အကြောင်း။