Be Seen

Jen Gottlieb
  •  18 min
  •  Audio Available

သင့်ရဲ့ အွန်လိုင်းအသုံးပြုပုံမှာ နာမည်တစ်ခု ရချင်တယ်ဆိုရင် ပုံမှန်အသုံးပြုခြင်းထက်  ပိုတာ‌‌တွေ လုပ်ပြ ရပါမယ်။ အွန်လိုင်းလောကကြီးမှာ ကြောက်စရာတွေနဲ့ သိနားလည်ထားဖို့ လိုအပ်တာတွေ အများကြီး ရှိနေပြီး အွန်လိုင်းတက်ရမှာ ကြောက်ခြင်း၊ ကိုယ်မှန်တာ လုပ်နေရင်းနဲ့ စွပ်စွဲပြောဆိုခံရမှာ ကြောက်ခြင်း စတဲ့ စိတ်ရောဂါ တွေ မဖြစ်ချင်ရင် အွန်လိုင်းကို နည်းစနစ်ကျကျ သုံးစွဲတတ်ရပါမယ်။ သင့်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အထောက်အပံ့ ဖြစ်စေမှာတွေကို ရှာဖွေပြီး၊ အဲဒါတွေဟာ အဆက်အသွယ်နဲ့ တိုးတက်ရေး လမ်းကြောင်းအ‌တွက် ဘယ်လောက် အရေးပါတယ်ဆိုတာကိုလဲ သိဖို့ လိုအပ်ပါတယ်။  

အရေးအကြီးဆုံးကတော့  သင့်ကိုယ်သင် ယုံကြည် အားကိုးနိုင်မှု၊ လွှမ်းမိုးနိုင်မှုနဲ့ ဩဇာညောင်းမှုတို့အပေါ် အလေးထားပြီး ၊ သင့်ကိုယ်သင် ဘယ်လိုတစ်ဆင့်မြင့်အောင် လုပ်နိုင်မယ်ဆိုတာ သင်ယူတတ်မြောက်ဖို့ပါပဲ။ ဒါကို လုပ်ပြနိုင်ရုံတင်မဟုတ်ဘဲ ၊ သက်ဆိုင်ရာနယ်ပယ်ထဲမှာ ထူးခြားတာတစ်ခုခု လုပ်ပြနိုင်ဖို့အထိပါ မျှော်မှန်းရပါမယ်။ ဒီခရီးလမ်းကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထား လျှောက်လှမ်းပြီး ခြေလှမ်းတစ်လှမ်းတိုင်းဟာ ပိုကောင်းမွန်တဲ့ ဘဝဆီ ဦးတည်နေရာမှာ ဖြစ်ပါတယ်။  


    • လူငယ်များ၊ 
    • ဆိုရှယ်မီဒီယာ နာမည်ကျော် ဖြစ်ချင်သူများ၊ 
    • ဆိုရှယ်မီဒီယာ အသုံးပြုသူများ။ 


    • အကြောက်တရားတွေကနေ ဘယ်လိုရုန်းထွက်ရမလဲ ဆိုတဲ့အကြောင်း၊ 
    • ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ရမယ် ဆိုတဲ့အကြောင်း၊ 
    • ပိုတိုးတက်တဲ့ ကိုယ့်ပုံရိပ်ကို ဘယ်လို ပုံဖော်မြင်ယောင်ရမယ်ဆိုတဲ့အကြောင်း။