The 5 Resets

Aditi Nerurkar
  •  24 min
  •  Audio Available

စိတ်ဖိစီးမှုဆိုတာ လူတွေအတွက် နားလည်လက်ခံထားရမယ့် လက္ခဏာတစ်မျိုးဖြစ်ပြီး၊ ပုံစံအမျိုးမျိုး ပြောင်းလဲလုပ်ဆောင်ကာ အဆင့်ဆင့် စီမံရမှာ ဖြစ်ပါတယ်။ ဒေါက်တာနယ်ရာကာတစ်ယောက် ဖိအားများတဲ့ ပတ်ဝန်းကျင်မှာ ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေနဲ့ ကြုံခဲ့ရပြီးနောက် အဲ့ဒီစိတ်ဖိစီးမှုတွေကို နည်းလမ်းတကျ စီမံ ထိန်းချုပ်ရင်း စိတ်ချမ်းသာမှုကို ရှာဖွေတွေ့ရှိသွားခဲ့တယ်ဆိုတာကို ဒီစာအုပ်မှာ ဖော်ပြပေးသွားမှာပါ။ သူ့ရဲ့ ဘဝ ဇာတ်‌ကြောင်းရှည်ကြီးကို ဖတ်ရှုခြင်းအားဖြင့် သင့်ရဲ့အလုပ်ခွင်၊ စိတ်နေသဘောထားနဲ့ ပတ်ဝန်းကျင်က သင့်ရဲ့ ကျန်းမာပျော်ရွှင်မှုအပေါ် နက်နက်နဲနဲပါဝင်သက်ရောက်နေတယ်ဆိုတာကို မြင်သာစေမှာ ဖြစ်ပါတယ်။  

ဒီစာအုပ်မှာပါဝင်တဲ့ ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း ၅ ချက်ကတော့ ကိုယ့်အတွက် ဘယ်အရာက အရေး ပါဆုံးလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိခြင်း၊ ဆူညံရှုပ်ထွေးတဲ့ လောကကြီးထဲမှာ တိတ်ဆိတ်မှုကို ရှာဖွေတတ် ခြင်း၊ အတွေးနဲ့ခန္ဓာကို တစ်သားတည်းဖြစ်စေခြင်း၊ လုံလုံလောက်လောက် အနားယူတတ်ခြင်းနဲ့ အကောင်းဆုံး လုပ်ဆောင်ရင်းရှင်သန်နေထိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ စိတ်ဖိစီးမှုကို စီမံဖို့ရာအတွက် လမ်းညွှန် တွေ ဖြစ်ပြီး ဖိစီးမှုတွေကို ပိုမိုလျှော့ချနိုင်စေဖို့နဲ့ လောကဓံကိုခံနိုင်ရည်ရှိစေဖို့အတွက် တွန်းအားတစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်ပေးပါလိမ့်မယ်။ ဒီအချက်တွေက သင့်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကို ပိုမိုသိရှိစေနိုင်ဖို့၊ သင့်ရဲ့လုပ်ရပ်တွေကို သင်တန်ဖိုးထားရာတွေနဲ့ ချိန်ညှိနိုင်စေဖို့၊ ဆိုရှယ်မီဒီယာသုံးချိန် ကန့်သတ်နိုင်စေဖို့၊ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပေါင်းစည်းတိုးတက်လာစေဖို့၊ ကိုယ်ချင်းစာတရားနဲ့ စိတ် သဘောထား ပြည့်ဝမှုကို မြှင့်တင်နိုင်စေဖို့ရာအတွက်လည်း တွန်းအားပေးနေပါတယ်။ 

 ပြန်လည်ပြင်ဆင်သုံးသပ်ခြင်းဆိုင်ရာအချက်တွေကို‌ ကျင့်သုံးခြင်းနဲ့အတူ သင် သိမှတ်ထားရမှာတစ်ခု ကတော့ စိတ်ဖိစီးမှုကိုစီမံဖို့နဲ့ ကျေနပ်ရောင့်ရဲခြင်းကို ရှာဖွေဖို့က အစဉ်မပြတ် ကြိုးစားသွားရမယ့် အချက်တွေ ဖြစ်ပြီး၊ သင့်ဘဝအတွက် နက်နက်နဲနဲ အရေးပါတယ် ဆိုတာပါပဲ။ ဒီဖြစ်စဉ်ကို စူးစမ်းလေ့လာချင်စိတ်အပြည့်နဲ့ ကြိုဆိုလက်ခံပြီး သင်လိုချင်တဲ့ခွန်အားနဲ့ ရောင့်ရဲတတ်ခြင်းတွေကို ရှာဖွေပါ။ 


    • အမြဲစိတ်ပင်ပန်းနွမ်းနယ်နေသူများ 
    • စိတ်ဖိစီးမှုတွေနဲ့ အမြဲပိ‌နေသူများ 
    • လခစားဝန်ထမ်းများ 


    • စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချရမယ်ဆိုတဲ့အကြောင်း 
    • ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဟာ စိတ်ဖိစီးခြင်းအတွက်ကောင်းတယ်ဆိုတဲ့အကြောင်း 
    • အနားယူတာက ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အကြောင်း