Doesn’t Hurt to Ask

Trey Gowdy
  •  25 min
  •  Audio Available

ကျွန်မတို့ဟာ အကြောင်းအရာတစ်ခုခုအတွက် တစ်စုံတစ်ယောက်ကို စည်းရုံးပြောဆိုရတဲ့အခါ ၊ ကျွန်မ တို့ရဲ့ယုံကြည်ချက်ကို ထင်ဟပ်တဲ့ အချက်အလက်တွေ၊ ငြင်းဆိုချက်တွေနဲ့  သဘောထားအမြင်တွေကိုပဲ ပြောလေ့ ရှိကြပါတယ်။ ဒါပေမဲ့၊ စာရေးသူဆီမှာ ဒိထက်ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ စာရေးသူ ဟာ အစိုးရရှေ့နေတစ်ယောက်ဖြစ်သလို၊ နောက်ပိုင်းမှာ ကွန်ဂရက်လွှတ်တော်အမတ်တစ်ယောက်လည်း ဖြစ် ခဲ့သူပါ။ သူဟာ သူ့အလုပ်မှာ လူတွေကို စည်းရုံးပြောဆိုနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ ပါတယ်။ ဒါကတော့ “မေးခွန်းမေးခြင်း” ဖြစ်ပါတယ်။ 

မှန်ကန်တဲ့ မေးခွန်းမေးခြင်းက တရားခွင်နဲ့ ဥပဒေပြုလွှတ်တော်တွေမှာတင် အသုံးဝင်တာ မဟုတ်ပါဘူး။ အစည်းအဝေး၊ စာသင်ကျောင်း စတဲ့ ဘယ်နေရာမှာမဆို အသုံးပြုနိုင်တဲ့ အတတ်ပညာတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တစ်ဖက်လူကို ဘယ်လို ဆွဲဆောင်စည်းရုံးရမလဲ။ ဒါကို ကောင်းကောင်းသိရင် ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာရော အလုပ်ခွင်မှာပါ စနစ်တကျ ပြောဆို ဆွေးနွေးလာနိုင်မှာပါ။  

သင်ဟာ အလုပ်တစ်ခုရဖို့အတွက် ဒါမှမဟုတ် ချေးငွေရဖို့အတွက် ဒါမှမဟုတ် ဒုတိယအကြိမ် အခွင့် အရေး ရဖို့အတွက် တစ်ယောက်ယောက်ကို စည်းရုံးပြောဆိုနေရပါသလား။ ဒါဆိုရင် ဒီစာအုပ်က သင့်ကို အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ 


    • ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ ပိုပြီး ထိထိရောက်ရောက် ပြောဆိုချင်သူတွေ။ 
    • လူအများနဲ့ ပြောဆိုဆက်ဆံရတဲ့ အလုပ်,လုပ်နေသူတွေ။ 
    • ရှေ့နေအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုလိုသူတွေ။


    • ပေါကြောင်ကြောင် အဖြေထက်စာရင် ပေါကြောင်ကြောင်မေးခွန်းတွေက ဘာကြောင့် ပိုကောင်း ကြောင်း။ 
    • လွတ်လပ်မျှတမှုရှိတဲ့ စကားပြောဆိုမှုတစ်ခုကို ဘယ်လို ဖန်တီးနိုင်ကြောင်း။  
    • စည်းရုံးပြောဆိုမှု မအောင်မြင်တဲ့အခါ လိုက်နာသင့်တဲ့ နည်းလမ်းတွေအကြောင်း။