ကလေးတွေ လိုက်နာဖို့ ချမှတ်ထားတဲ့စည်းမျဉ်းတွေအားလုံးကို ပစ်ချပြီး၊ စိတ်ပျက်လက်ပျက်နဲ့ လက်မှိုင် ကျနေတဲ့ ခံစားချက်မျိုး သင့်ဆီမှာ ဖြစ်နေတယ်ဆိုရင် ဒီလိုခံစားနေရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကလေးရှိတဲ့ မိဘတိုင်း ဒီလိုမျိုး တစ်ပုံစံတည်း ခံစားရတတ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေဟာ ကလေးတွေရဲ့ အကျင့်စရိုက်ဆိုးတွေကို ပြုပြင်ပေးနိုင်ရန်အလို့ငှာ အကြံဉာဏ်ပေးစာအုပ်တွေ ရှာဖွေဝယ်ယူကြတာမျိုး၊ ကူညီ ထောက်ပံ့ရေးအဖွဲ့အစည်းတွေမှာ ပါဝင်တာမျိုး ပြုလုပ်လာကြတာပါ။
တကယ်တော့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရာမှာ သမားရိုးကျ လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေနဲ့ မထိန်းကျောင်းသင့်ပါဘူး။ ဒီစာအုပ်ထဲမှာ သင်နဲ့ သင့်ကလေးကြားက ထိရောက်မှု မရှိတဲ့ ဆက်ဆံရေးနည်းလမ်း တွေကို ဖယ်ရှားပစ်ပြီး၊ ကလေးတွေနဲ့ ပိုပြီးရင်းနှီးလာစေမယ့် နည်းလမ်းကောင်းတွေကို ပြောင်းလဲအသုံးပြုဖို့ ဖော်ပြထားပါတယ်။
ဒီစာအုပ်မှာ ကလေးတွေကို ကြောက်စိတ်၊ ရှက်စိတ်၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့စိတ်မျိုးတွေ မဖြစ်အောင် ဘယ်လိုထိန်းညှိရမယ်ဆိုတာ သင်ကြားပေးရင်း စည်းမျဉ်းစည်းဘောင်တွေကိုလည်း ထိန်းသိမ်း ထားနိုင်မယ့် နည်းလမ်းတွေအပြင်၊ မိဘ - ကလေး ဆက်ဆံရေးကို အခြေပြုတဲ့ နည်းဗျူဟာတွေကို ဘယ်လို အသုံးပြုရမယ်ဆိုတဲ့ အကြောင်းတွေကိုပါ လေ့လာဖတ်ရှုရမှာပါ။
သင့်အနေနဲ့ ကလေးက သင့်စကားကိုနားထောင်လာဖို့ ဝုန်းဒိုင်းကြဲ ဒေါသထွက်ပြနေစရာ မလိုပါဘူး။
ညီအစ်ကိုမောင်နှမအချင်းချင်း နှိုင်းယှဉ်ပြောပြီး မခံချင်အောင် ဆွပေးနေစရာလည်း မလိုပါဘူး။
ကလေးနဲ့ သင့်ကြား ခိုင်မာပြီးတည်မြဲတဲ့ဆက်ဆံရေးကောင်းတွေကို တည်ဆောက်ပြီး ယုံကြည်မှုအပြည့်နဲ့ သြဇာတိက္ကမရှိတဲ့ လူငယ်လေးတွေအဖြစ် ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။ အဲဒီအခါ၊ အပိုဆုတစ်ခုကတော့ သင်ဟာ မိဘတစ်ယောက်အနေနဲ့ အပြစ်ရှိစိတ်တွေ၊ သြဇာအာဏာကျဆင်းမှုတွေ၊ ကြောက် စိတ်တွေကို မခံစားရတော့ဘူးပေါ့။ ကဲ၊ ဒါဆို ဒီနည်းလမ်းကောင်းတွေကို အခုပဲစတင်လေ့လာ လိုက်ကြရအောင်။
No New Notifications