Lives of the Stoics

Ryan Holiday & Stephen Henselman
  •  23 min
  •  Audio Available

လောကဓံကို ကြံ့ကြံခံမှု (Stoicism) မှာ အဓိကအကျဆုံး‌ မေးခွန်းတစ်ခုက “ဘဝကို ဘယ်လိုနေထိုင် မလဲ” ဆိုတဲ့ မေးခွန်းပါ။ ပိုပြီးလက်တွေ့ကျကျ ပြောရရင် ကြုံလာတဲ့အခက်အခဲတွေကို ဘယ်လို တုံ့ပြန် ဖြေရှင်း မလဲ။ ပျော်ရွှင်စရာတွေကို ဘယ်လိုတုံ့ပြန်သင့်သလဲ။ ဘယ်လိုပန်းတိုင်တွေကို ချမှတ်ဖော်ဆောင်သင့်သလဲ။ ဘယ်လိုတန်ဖိုးတွေနဲ့ နေထိုင်သင့်သလဲ။ဘဝနေဝင်ချိန်ရောက်လို့ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝကို ပြန်တွေး ကြည့်တဲ့အခါ “ငါ အကောင်းဆုံးရှင်သန်ခဲ့ပါလား” ဆိုတဲ့ ခံစားချက်မျိုးရဖို့ ဘာတွေ လုပ်သင့်သလဲ။ 

ဒီမေးခွန်းတွေက သင့်အတွက် တော်တော်လေး ဖြေရခက်တဲ့ မေးခွန်းတွေ ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့၊ ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ လောကဓံကိုကြံ့ကြံ့ခံနိုင်ခဲ့တဲ့အတွေးအခေါ်သမားတွေမှာ ဒီအဖြေတွေ ရှိနေ ပါတယ်။ “ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ကိုယ်ကျင့်တရားကို အကောင်းဆုံးဖြစ်အောင် ပြုမူနေထိုင် ရမယ်” ဆိုတာသူတို့တွေရဲ့ ခံယူချက် ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားကို သတ္တိ၊ ဉာဏ်ပညာ၊ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းနိုင်မှု နဲ့ တရားမျှတမှု ဆိုပြီး အပိုင်း ၄ ပိုင်း ခွဲခြားထားပါတယ်။ 

လောကဓံကို ကြံ့ကြံခံမှုဆိုတာ ထိုင်ရာမထ တွေးခေါ်ပြီး စကားလုံးတွေနဲ့ ချဲ့ကားပြောဆိုနေရမဲ့ အတွေးအခေါ်မျိုး မဟုတ်ပါဘူး။ ကိုယ်တိုင် လက်တွေ့ကျင့်သုံးရင်း ကြိုးစားအားထုတ်ရမဲ့ အတွေးအခေါ်တစ်ခု ဖြစ်တယ်။ ဒါကြောင့် လောကဓံကိုကြံကြံခံနိုင်ခဲ့တဲ့အတွေးအခေါ်သမားတွေကိုယ်တိုင် ဖော်ပြပါ ကိုယ်ကျင့် တရားတွေနဲ့အညီ အကောင်းဆုံးဖြစ်အောင်နေထိုင်ခဲ့ကြပါတယ်။ လူတိုင်း ဒီကိုယ်ကျင့်တရားတွေနဲ့အညီ နေထိုင်သင့်ကြောင်း တွေးခဲ့ကြတယ်။ဒါမှသာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ဘဝမျိုးတွေကို ပိုင်ဆိုင် နိုင်မှာဖြစ်ပါတယ်။ 

ဒီစာအုပ်ထဲမှာ ဂရိနဲ့ ရောမခေတ်က လောကဓံဒဏ်ခံနိုင်ရေးအပေါ်ယုံကြည်တဲ့အတွေးအခေါ်သမားတွေ ဘယ်လို နေထိုင်ခဲ့ကြတယ် ဆိုတာကို ဖော်ပြထားပါတယ်။ 

    • အတွေးသစ် အမြင်သစ် ရှာဖွေနေသူတွေ 
    • လှုံ့ဆော် အားပေးမှု ရှာဖွေနေသူတွေ 
    • ဘဝကို နောင်တကင်းစွာ နေထိုင်လိုသူတွေ 

    • ကလီယမ်သီးစ် (Cleanthes) က သူရဲ့အတွေးအခေါ်တွေကို ကမာခွံပေါ်မှာ ဘာကြောင့် ရေးသားခဲ့ကြောင်း 
    • မားကပ်ဩရီးလီးယပ်စ် (Marcus Aurelius) က ကမ္ဘာ့ကပ်ရောဂါကြီးကို ဘယ်လို ကိုင်တွယ် ဖြေရှင်းခဲ့ကြောင်း 
    • ကမ္ဘာ့နာမည်အကြီးဆုံး Stoic တစ်ယောက်ရဲ့ လက်က ဘာကြောင့် သွေးစွန်းခဲ့ကြောင်း