You Can Negotiate Anything

Herb Cohen
  •  17 min
  •  Audio Available

ဘဝဆိုတာ ဆွေးနွေးညှိနှိူင်းမှုတွေကို အမြဲမပြတ် ကြုံရတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ သင် စားသောက်ဆိုင် ရောက်တဲ့အခါ သားဖြစ်သူကို ငြိမ်ငြိမ်နေဖို့ ပြောရတာကလဲ ဆွေးနွေးညှိနှိုင်းခြင်းပါပဲ။ သင့်သူဌေးကို လစာ တိုး ပေးဖို့ ပြောရတာကလဲ ဆွေးနွေးညှိနှိုင်းခြင်းပါပဲ။ အခြားသူရဲ့ အပြုအမူပေါ် အကျိုးသက်ရောက်မှု ရှိစေတဲ့ အခြေ အနေ မှန်သမျှဟာ ဆွေးနွေးညှိနှိုင်းမှုပေါ် အခြေခံပါတယ်။  

လောကမှာ ဘယ်ကိစ္စမဆို ဆွေးနွေးညှိနှိုင်းလို့ ရနိုင်ပါတယ်။ ကုန်ပဒေသာဆိုင်ကြီးက ဈေးနှုန်းတွေ၊ အပေါင် စာချုပ်တွေ၊ ဒဏ်ရိုက်ငွေတွေ အားလုံးကို ညှိနှိုင်းလို့ ရပါတယ်။ ဒါပေမဲ့၊ ဘယ်လိုညှိနှိုင်း ပြောဆိုရမယ် ဆိုတာကိုတော့ သိဖို့ လိုပါတယ်။ ယုတ်စွအဆုံး၊ ပြည်တွင်းဝင်ငွေ ဝန်ဆောင်မှုတွေပင် ကျွန်မတို့နဲ့ ညှိနှိုင်းဆွေးနွေး နိုင်ပါတယ်။ ဘာလို့လဲဆိုတော့၊ အခွန်ဌာန အရာရှိတွေကလည်း ကျွန်မတို့လို သာမန်လူတွေပဲမို့ပါ။  

နေရာတိုင်းမှာ ညှိနှိုင်းမှုတွေ ရှိတယ်ဆိုပေမဲ့၊ ဆွေးနွေးညှိနှိုင်းမှုအတတ်ပညာကို အရေးကြုံလာမှ ကျွမ်းကျင်အောင် လုပ်လို့ မရပါဘူး။ ဆွေးနွေးညှိနှိုင်းတဲ့အခါ လူ ရွေးမှန်ဖို့ အရေးကြီးတယ်။ အဖွဲ့အစည်းတိုင်းမှာ ရာထူးအဆင့်ဆင့် ရှိပါတယ်။ ရာထူးအနိမ့်ဆုံးလူက လုပ်ပိုင်ခွင့် အနည်းဆုံးပါ။ ဒါကြောင့်၊ အောက်ခြေက လူတွေ ဆီ အကူအညီတောင်းလို့ မရတဲ့အခါ မန်နေဂျာ၊ ဒါရိုက်တာ အစရှိတဲ့ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ပြောဆို ညှိနှိုင်းပါ။ 

တစ်ခုခုကို ညှိနှိုင်းတဲ့အခါ ဒီညှိနှိုင်းမှုက သင့်ကို သက်သောင့်သက်သာ ဖြစ်စေသလား၊ သင့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုလား၊ အားစိုက်ထုတ်ရကျိုးရော နပ်ရဲ့လား၊ ဆိုတာ သေချာ စဉ်းစားပါ။ 


    • အလုပ်တစ်ခုမှာ အရောင်းဝန်ထမ်းအလုပ် လုပ်ကိုင်နေသူတွေ။ 
    • လုပ်ငန်းသဘောအရ ဆွေးနွေးညှိနှိုင်းမှု မကြာခဏ လုပ်ရသူတွေ။


    • ဆိုဗီယက်စတိုင် ဆွေးနွေးမှုကို ဘာကြောင့် ရှောင်ရှားသင့်ကြောင်း။ 
    • နှစ်ဖက်စလုံး နစ်နာမှုမရှိအောင် ဘယ်လို ညှိနှိုင်း ဆွေးနွေးသင့်ကြောင်း။ 
    • ချစ်စရာကောင်းတဲ့ အပြုအမူတွေက ဆွေးနွေးညှိနှိုင်းမှုမှာ ဘယ်လို ထိရောက်မှု ပေးနိုင်ကြောင်း။