ရေးဒယ်လီယို (Ray Dalio) ရဲ့ ဦးဆောင်မှုအောက်မှာ ဘရစ်ဝေါထား (Bridgewater) လုပ်ငန်းက ဒေါ်လာသန်း ၁၂၅ ဘီလျှံ တန်ကြေးရှိခဲ့ပါတယ်။ ဒါပေမဲ့လဲ ၊ သူ့ရဲ့ကြွယ်ဝမှုကို ရရှိစေခဲ့တဲ့ နည်းလမ်းတွေက နားလည်ဖို့ ရှုပ်ထွေး ပါတယ်။ သူ ဦးဆောင်တဲ့ပုံစံဆိုရင် လူတော်တော်များများကို အံ့ဩစေတဲ့အထိပါပဲ။ သူ့ကို အထက်စီးကပဲ ဆက်ဆံ တတ်သူ ၊ လွတ်လပ်စွာပြောဆိုခွင့်ကို အကြောင်းပြကာ ကြမ်းတမ်းတဲ့ဝေဖန်မှုတွေ လုပ်တတ်သူလို့ မြင်ကြပါတယ်။ ဘရစ်ဝေါထားလုပ်ငန်းတွင်းမှာဆိုရင် တစ်ယောက်ကိုတစ်ယောက် မယုံကြည်ဘဲ ၊ စောင့်ကြည့်နေကြပြီး တစ်ခုခု သတင်းအရင်ပေးနိုင်သူက မျက်နှာရပါတယ်။ အမြတ်ရတာက ပုံမှန်နှုန်းပဲ ရှိပေမဲ့ ၊ ခိုင်မာကျစ်လျစ်တဲ့ ဂုဏ် သတင်းကြောင့် ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ မေးစရာရှိတာက ရေးဒယ်လီယိုရဲ့ နည်းလမ်း တွေက တကယ်ပဲ ဗျူဟာအရ လုပ်နေတာတွေလား၊ ဝန်ထမ်းတွေရဲ့ဆန္ဒတွေကို ထိန်းချုပ်ပြီး ခြယ်လှယ် နေတာလား ဆိုတာတော့ သိချင်စရာပဲ ဖြစ်ပါတယ်။
No New Notifications