Life is in the Transitions

Bruce Feiler
  •  25 min
  •  Audio Available

“ပြောင်းလဲခြင်းတွေ လာပြီ၊ ကြိုတင်ပြင်ဆင်ထားကြပါ” ဆိုတဲ့စာကြောင်းနဲ့ ဒီစာအုပ်ရဲ့နိဒါန်းကို စာရေးသူက အစပြုထားပါတယ်။ ဒီလိုပြောထားလို့ စာရေးသူက ကမ္ဘာကြီးနဲ့ပတ်သတ်ပြီး ကြိုတင် နိမိတ် ဖတ်နိုင်တယ်လို့ မထင်လိုက်ပါနဲ့။ သူကိုယ်တိုင်လည်း ဘယ်လိုပြောင်းလဲမှုတွေလာမယ်ဆိုတာကို မသိခဲ့ပါဘူး။ တစ်ကမ္ဘာလုံး ကိုဗစ် ၁၉ ရောဂါဖြစ်ပွားခြင်းကြောင့် ကျွန်မတို့အားလုံး အလဲလဲအပြိုပြိုဖြစ်ခဲ့ရပါတယ်။ ပြင်းထန် တဲ့ ရောဂါဝေဒနာကို အလူးအလဲခံစားခဲ့ရတယ်။ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတယ်။ 

ဒီလိုကူးစက်ရောဂါတွေနဲ့နပန်းလုံးနေရတာပဲဖြစ်ဖြစ်၊ အခြားကိုယ်ရေးကိုယ်တာကိစ္စနဲ့ အလုပ်ကိစ္စ တွေကို ဖြေရှင်းနေရတာပဲဖြစ်ဖြစ်၊ ဒီစာအုပ်က အဲဒီလိုပြောင်းလဲမှုတွေကို သေချာ ထိန်းချုပ် ကိုင်တွယ် နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ပြောင်းလဲခြင်းတွေကြောင့် မျက်စိလည် လမ်းပျောက်ရပေမဲ့ အဲဒီ ပြောင်းလဲခြင်းတွေ ကြားမှာ ဘဝရဲ့စစ်မှန်တဲ့အဓိပ္ပါယ်ကို အကဲဖြတ်ပေးနိုင်တဲ့ အဖိုးတန်အခွင့်အလမ်းတွေပါဝင်နေပါတယ်။ 

များပြားလှတဲ့သတိပြုလိုက်နာဖွယ်အချက်တွေကို အသုံးချပြီး သင့်ရဲ့ကြောက်စိတ်နဲ့မသေချာမှုတွေကို လက်ခံနိုင်အောင် သင်ယူပါ။ ပြီးတော့ ပြောင်းလဲမှုတိုင်းကို ရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်မျိုးရရှိအောင် ပြုစု ပျိုးထောင်ပါ။ 


    • ပြောင်းလဲမှုကြုံတိုင်း စိတ်ဓာတ်လဲပြိုတတ်သူတွေ 
    • ကိုယ့်ကိုယ်ကိုယ်အားပေးမြှင့်တင်ချင်သူတွေ 
    • ဘဝကိုအဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်သူတွေ


    • အိမ်ထောင်ကွဲပြီးနောက်ပိုင်းဆံပင်ပုံစံပြောင်းလဲတာကလည်း ကောင်းမွန်တဲ့ စိတ်ကူးအယူအဆ ဖြစ်ကြောင်း၊ 
    • ကိုယ့်ဘဝကိုပုံဖော်ပြောခြင်းက သင့်ဘဝကို ဘာကြောင့်အဓိပ္ပာယ်ပိုရှိစေကြောင်း၊ 
    • ဘဝကိုတစ်ဖြောင့်တည်းလို့တွေးတာက ဘာကြောင့်ဒုက္ခဖြစ်စေနိုင်ကြောင်း။