Make possibilities Happen

Grace Hawthorne & Stanford d.school
  •  17 min
  •  Audio Available

ဖြစ်နိုင်ခြေရှိတဲ့အရာတွေ လက်တွေ့ဖြစ်လာစေဖို့အတွက် ကျွန်မတို့ရဲ့အရိုးစွဲနေတဲ့ ကန့်သတ်ရှိအမြင်တွေကို ကျော်လွန်ပြီး မြင်နိုင်ရပါမယ်။ ကျွန်မတို့ရဲ့စိတ်နေစိတ်ထားကို အသိ၊ သတိနဲ့တကွ ပြောင်းလဲပြီး အသင့်ဖြစ်တယ်လို့ မခံစားရခင်မှာ အကောင်အထည်ဖော်ရမှာပါ။ အတွေးအကြံတွေကို အကောင်အထည်ဖော်ရာမှာ ညတွင်းချင်း အောင်မြင်မှုကို ရှာဖွေမယ့်အစား ခြေလှမ်းငယ်ကလေးတွေ စုပေါင်းပြီး ဖြည်းဖြည်းချင်း လျှောက်လှမ်းဖို့ လိုအပ် ပါတယ်။ ကိုယ် ချမှတ်ထားတဲ့လုပ်ငန်းတစ်ခု ဘယ်အချိန်မှာပြီးဆုံးမလဲဆိုတာကို လေ့ကျင့်လုပ်ကိုင်နေရင်းနဲ့ပဲ သိလာမှာပါ။ တစိုက်မတ်မတ် ကြိုးစားတဲ့အခါမှာ သင် မျှော်မှန်းထားတဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့အတွက် တဖြည်းဖြည်း စွမ်းရည်တိုးလာစေကြောင်းကို နားလည်သဘောပေါက်မှ ရေရှည်အောင်မြင်မှုကိုရရှိမှာ ဖြစ်ပါတယ်။ အခုအချိန်ဟာ သင့်အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ရမယ့်အချိန်ပါပဲ။  

    • အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်လိုသူများ၊ 
    • တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်လိုသူများ၊ 
    • ကန့်သတ်ရှိအမြင်တွေကို စွန့်ဖယ်လိုသူများ။ 



    • စိတ်ကူးအမြင်ကို ဘာကြောင့် ချဲ့ထွင်ဖို့ လိုအပ်သလဲ ဆိုတဲ့အကြောင်း၊ 
    • အကောင်းဆုံးအချိန်ကို ထိုင်စောင့်နေတာက အခွင့်အလမ်းတွေကို လွတ်သွားစေနိုင်တယ်ဆိုတဲ့ အကြောင်း၊  
    • စိတ်ကူးအိပ်မက်တွေဟာ ဘာကြောင့် တန်ဖိုးနည်းတဲ့အရာတွေ ဖြစ်ရသလဲဆိုတဲ့ အကြောင်း။