Same As Ever

Morgan Housel
  •  20 min
  •  Audio Available

ဘဝရဲ့ ကြိုတင်မှန်းဆမရတဲ့အရာတွေဟာ သင့်ကို စိတ်မတင်မကျ ခံစားရစေနိုင်ပါတယ်။ ဒါပေမဲ့ လူ့သမိုင်းကို ကြည့်မယ်ဆိုရင် လူတွေရဲ့ အပြုအမူတွေက အံ့ဩဖို့ကောင်းလောက်အောင် မပြောင်းလဲဘဲ ဆက်ရှိနေခဲ့ တာပါ။ စိတ်ရဲ့ခံနိုင်စွမ်းရည်၊ အလုပ်လုပ်ပုံနဲ့သဘာဝကို နားလည်မယ်ဆိုရင် ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို သိလာမှာပဲ ဖြစ်ပါတယ်။ အနာဂတ်ကိုမှန်းဆတယ် ဆိုတာက သေချာမှုထက် ဖြစ်နိုင်ခြေကို တွက်တာပါ ဒါပေမဲ့ နေ့စဉ်ဘဝမှာတော့ လူတွေဟာ အတိအကျကြီး မမှန်းဆတော့ဘဲ သံသယကင်းကင်းနေဖို့ပဲ ကြိုးစားကြပါတော့ တယ်။ ကျွန်မတို့ မေ့နေကြတာက ကိန်းဂဏန်းတွေနဲ့ တွက်ချက်လဲ လုံးဝဖြစ်လာမှာကြီးတစ်ခုလုံးကိုတော့ ကြိုတင် မသိနိုင်ဘူး ဆိုတာပါပဲ။ အဓိက သမိုင်းတွင်ဖြစ်ရပ်တွေ၊ နိုင်ငံရေးဖြစ်ရပ်တွေ၊ စီးပွားရေးဖြစ်ရပ်တွေတောင်မှ သာမန် ပြောင်းလဲမှု အသေးလေး ဒါမှမဟုတ် မတည်ငြိမ်တဲ့ စိတ်ခံစားချက်တွေပေါ်မှာ မှီခိုနေတာမျိုး ဖြစ်နိုင်တယ် မဟုတ် ပါလား။ တစ်ခါတလေကျရင် တွက်ချက်ထားတာတွေထက် မိသားစုအဆက်ဆက် လက်ဆင့်ကမ်းလာတဲ့အသိက ပိုပြီး အရေးကြီးနေတတ်ပါတယ်။ ကျွန်မတို့တွေဟာ ဒီမသေချာမရေရာမှုကို လက်ခံသွားနိုင်ပြီဆိုရင် ပိုတိတိကျကျ သိရအောင် တွက်ချက်မှန်းဆနေခြင်းထက် လူတွေရဲ့ အပြုအမူသဘောသဘာဝကိုပဲ ပိုအာရုံစိုက်လေ့လာကြမှာပဲ ဖြစ်ပါတယ်။ အနာဂတ်ဆိုတာ ဆန်းပြားပြီး မသိနိုင်ပေမဲ့ လူတွေကတော့ မပြောင်းဘဲ ဒီပုံစံအတိုင်းပဲ မဟုတ်ပါ လား။  

    • အရွယ်ရောက်ပြီးသူများ၊ 
    • လောက သဘာဝကို သိလိုသူများ၊ 
    • ဘဝကို ပျော်ရွှင်စွာ နေလိုသူများ။ 



    • လူတချို့ဟာ ဘဝမှာ ဘာကြောင့် မပျော်ကြရတဲ့ အကြောင်း၊ 
    • လူတွေမှာ ခံယူချက်တွေ ဘာလို့ကွဲပြားသွားရတယ် ဆိုတဲ့အကြောင်း၊ 
    • ကံတရားရဲ့ ဆုံးဖြတ်ချက်အ‌ကြောင်း။