The Status Game

Will Storr
  •  23 min
  •  Audio Available

ကျွန်မတို့ဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ အဆင့်အတန်းသတ်မှတ်ချက်တို့ကိုရရှိဖို့အတွက် လူအုပ်စုတွေနဲ့ ယှဉ်တွဲနေထိုင်ဖို့ မွေးစကတည်းကလိုအပ်ပါတယ်။ လူတွေရဲ့သဘောကျထောက်ခံခြင်း၊ အားကိုးအားထားပြုစရာ ကျောထောက်နောက်ခံရှိခြင်းနဲ့ ဘဝလက်တွဲဖော်ရရှိခြင်းတို့အတွက် အဆင့်အတန်းကို အသိအမှတ်ပြု ဆုံးဖြတ်တဲ့ ကစားပွဲ (Status games)တွေကို နေရာတိုင်းမှာ ယှဉ်ပြိုင်ကစားနေရပါတယ်။ ဒီကစားပွဲတွေက ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို ပုံဖော်ပေးပြီး၊ ဘဝအောင်မြင်မှုကို ရရှိအောင်လှုံ့ဆော်ပေးနိုင်သည့်တိုင်အောင်၊ ကျွန်မတို့ အတွက် စိုးရိမ်ကြောင့်ကြမှု၊ ထိခိုက်မှုနဲ့ပြိုင်ဆိုင်မှုတို့ကိုလည်း တိုးစေနိုင်ပါတယ်။ 

လူ့အဖွဲ့အစည်းတစ်ခုစီမှာ အဆင့်အတန်းသတ်မှတ်ချက်ကစားပွဲအတွက် စည်းမျဉ်းအမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုထုံးတမ်း အားလုံးမှာ အဓိက ကစားပွဲ ၃ ခုကို တွေ့မြင်နိုင်ပါတယ်။  

အဆင့်အတန်းသတ်မှတ်ချက်ကစားပွဲတွေရဲ့သဘောတရားကိုသာ နားလည်မယ်ဆိုရင် သင်ဟာ ပူးပေါင်း ဆောင်ရွက်လာနိုင်ခြင်း၊ ဝေဖန်မှုနည်းလာနိုင်ခြင်း၊ စာနာနားလည်စိတ်တိုးပွားလာနိုင်ခြင်း စတဲ့ အရည်အချင်းတွေ ရလာနိုင်သလို တစ်ဦးတစ်ယောက်ရဲ့လွှမ်းမိုးချုပ်ကိုင်မှုတွေကိုလည်း ဆန့်ကျင်လာနိုင်မှာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အမူအကျင့်တွေကိုလေ့လာခြင်းက သင့်ကိုအဆုံးမဲ့တဲ့ပြိုင်ဆိုင်မှုတွေကနေ စွန့်ခွာစေပြီး အဆင့်အတန်း ဆိုတဲ့ စကားရပ်အလွန်မှာရှိနေမယ့် ဘဝအဓိပ္ပါယ်ကို တွေ့ရှိစေမှာ ဖြစ်ပါတယ်။ 


    • မိမိဘဝတိုးတက်ရေးအတွက် လေ့လာလိုသူများ 
    • လူ့အပြုအမူများအကြောင်း လေ့လာလိုသူများ 
    • အဆင့်အတန်းသတ်မှတ်ချက်ရဲ့ သက်ရောက်မှုတွေကို လေ့လာလိုသူများ 



    • လူသားတွေက လူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်နေဖို့ လိုအပ်ကြောင်းအထောက်အထားများ 
    • အဆင့်အတန်းသတ်မှတ်ချက်ဆိုင်ရာသင်္ကေတတွေရဲ့အကြောင်း 
    • သမိုင်းနဲ့ ယဉ်ကျေးမှုအမျိုးမျိုးမှာရှိခဲ့တဲ့ အဆင့်သတ်မှတ်ချက်ကစားပွဲတွေရဲ့ သက်ရောက်လွှမ်းမိုးမှုများ အကြောင်း