Playing with Fire

Scott Rieckens
  •  16 min
  •  Audio Available

ဒီစာအုပ်ဟာ “ငွေရေးကြေးရေး အပူအပင်ဝေး၊ စောစီးစွာ ပင်စင်ယူရေး” (Financial Independence ,Retire Early)၊ အတိုကောက်အားဖြင့် ဖိုင်းယား (FIRE)လို့ ခေါ်တွင်တဲ့ ငွေကြေးဆိုင်ရာနည်းလမ်း အကြောင်း ရှင်းပြထားတဲ့စာအုပ်ဖြစ်ပါတယ်။  

သင့်အနေနဲ့ လူနေမှုကုန်ကျစရိတ်နည်းပါးတဲ့မြို့ကလေးဆီ မိသားစုလိုက် ရွေ့ပြောင်းဖို့ ဆုံးဖြတ်သည် ဖြစ်စေ၊ နာမည်ကြီး စားသောက်ကုန်တွေ သုံးစွဲခြင်းကို ရပ်တန့်ပစ်ဖို့ ဆုံးဖြတ်သည်ဖြစ်စေ၊ သင်ရဲ့ ငွေရေး ကြေးရေးကို ဖိုင်းယား(FIRE)စနစ်နဲ့ ကျင့်သုံးခြင်းဟာ သင်အပါအဝင်၊ လူတိုင်းလုပ်လို့ရတဲ့အရာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ပင်စင်စားအရွယ်မှာသုံးဖို့ ငွေစုထားတာတွေ၊ ရင်းနှီးမြုပ်နှံပြီး ငွေဝင်လမ်းကြောင်းရှာတာတွေ လုပ်ထားနိုင်ပေမဲ့၊ ဖိုင်းယား(FIRE)နည်းလမ်းကတော့ ဘယ်အခြေအနေမှာမဆို သင် လိုက်လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပြီး၊ လူတိုင်းနဲ့ သင့်လျော်ဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။ 

    • ငွေကြေးစီမံခန့်ခွဲမှုအကြောင်း စိတ်ဝင်စားတဲ့လူငယ်တွေ၊ 
    • ငွေကြေးနဲ့ပတ်သက်ပြီး စိုးရိမ်သောကဖြစ်တတ်တဲ့ လူလတ်ပိုင်းတွေ နဲ့ 
    • ငွေကြေးနဲ့ပတ်သက်ပြီး ဗဟုသုတ ရှာမှီးလိုသူတွေ။  

    • ငွေကြေးအတွက် ပူပန်စရာမလိုတဲ့ ဘဝကို ရနိုင်ဖို့ နည်းစနစ်များအကြောင်း၊ 
    • ‌ဖိုင်းယား(FIRE) ရဲ့အဓိပ္ပါယ် နဲ့၊ 
    • လူတိုင်း ဖိုင်းယား(FIRE) နည်းလမ်းကိုကျင့်သုံးနိုင်တယ်ဆိုတဲ့အကြောင်း။