သိပ္ပံပညာရှင်တွေဟာ လူ့သက်တမ်းကို ရှည်စေပြီး၊ မှတ်ဉာဏ် တိုးစေကာ ရောဂါကာကွယ်တဲ့ ကုသမှု အသစ်တစ်ရပ် ရှိကြောင်း၊ အဲဒါက လူကို ပိုမိုပျော်ရွှင်စေပြီး စိုးရိမ်ကြောင့်ကြကင်းစေကြောင်း ပြောပါတယ်။ ဒီတော့၊ သင့်အနေနဲ့ ဒီကုသမှုကို စမ်းကြည့်ချင်ပါလိမ့်မယ်။ အမှန်တော့ ၊ ကျွန်မတို့အားလုံးဟာ ဒီကုသမှုရဲ့ အကျိုးကျေးဇူးတွေကို ခံစားလို့ ရပါတယ်။ ဒီအတွက်၊ ညဘက်မှာ ကောင်းမွန်စွာ အိပ်လိုက်ဖို့ပဲ လိုတာပါ။ ဒီ စာအုပ်ထဲမှာဆိုရင် စာရေးသူဟာ အိပ်စက်ခြင်းရဲ့အကျိုးပြုပုံတွေနဲ့ ကောင်းမွန်တဲ့အိပ်စက်ချိန်ကို ရရှိစေမဲ့ နည်းလမ်းတွေအကြောင်း ဖော်ပြထားပါတယ်။
No New Notifications