The Psychology of Selling

Brian Tracy
  •  15 min
  •  Audio Available

ရောင်းချခြင်းအတတ်ပညာဆိုတာ သင် သဘာဝအလျောက် ကျွမ်းကျင်ပြီးသားအရာ ဖြစ်နိုင်သလို၊ သင် လုံးဝ မတတ်မြောက်တဲ့အရာလည်း ဖြစ်နိုင်ပါတယ်။ တချို့လူတွေဟာ သူတို့ရဲ့ရောင်းကုန်ပစ္စည်းကို တစ်ခြားလူတွေ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့အရည်အချင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ကောင်းမွန်ပြည့်စုံတဲ့ ပြောဆိုဆက်ဆံရေး စွမ်းရည်တို့နဲ့တကွ မွေးဖွားလာကြပါတယ်။ ကျွန်မတို့မှာတော့ အဲဒီလိုစွမ်းရည်တွေ မရှိဘူးပေါ့။ တကယ်ကြီး အဲ့လိုပဲလား။ သေချာပေါက် အဲ့လိုချည်းပဲတော့ မဟုတ်ပါ။ ဘယ်သူမဆို အရောင်းသမားကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ အခုပဲ သင်ယူလိုက်ကြတာပေါ့။ ကမ္ဘာ့ အအောင်မြင်ဆုံး အရောင်းဂုရုကြီးတစ်ယောက်ရဲ့အတွေးအခေါ်တွေကို အခြေခံရေးသားထားတဲ့ အောက်ပါကဏ္ဍတွေဟာ အ‌ရောင်းသမားကောင်းတစ်ယောက် သိဖို့လိုအပ်တဲ့ ကျွမ်းကျင်မှုတွေအကြောင်း ခြုံငုံပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။ 

    • သာမန်အဆင့်ကနေတက်မလာသေးတဲ့ အရောင်းသမားတွေ။ 
    • ဈေးဝယ်သူတွေရဲ့စိတ်သဘာဝကို စိတ်ဝင်စားသူတွေ။ 
    • မိမိကိုယ်ကိုယုံကြည်မှု တိုးမြှင့်ချင်သူတွေ။ 


    • မသိစိတ်က သင့်ရဲ့အကောင်းဆုံး ရောင်းအားအတွက် အသုံးဝင်တဲ့လက်နက်တစ်ခုဖြစ်နေရခြင်းအကြောင်း။  
    • အရောင်းသမားကောင်းတစ်‌ယောက်ဟာ တစ်သက်တာလုံး လေ့လာသင်ယူ နေသင့်ကြောင်း။ 
    • အံ့မခန်းအခွင့်အရေးကြီးတစ်ခုကနေ သင် ထင်ထားသလောက် ရလဒ် ထွက်ပေါ်မလာတတ်တဲ့ အကြောင်း။