The Connected Child

Karyn B. Purvis, David R. Cross and Wendy Lyons Sunshine
  •  25 min
  •  Audio Available

ကလေးတစ်ယောက်ကို အုပ်ထိန်းရခြင်းဟာ လွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပါ။ ဒီထဲကမှ အစစအရာရာ ချို့တဲ့ခဲ့တဲ့ကလေး ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံခဲ့ရတဲ့ကလေးကို ထိန်းကျောင်းဖို့ဆိုရင် သင့်အတွက်ပိုလို့တောင် ခက်ခဲနိုင်ပါတယ်။ ငယ်ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရှင်သန်ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေဟာ အရေးပါတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်ယူမှုတွေကို လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။ သူတို့ဟာ အရွယ်ရောက်လာသည့်တိုင်အောင် အတိတ်ကရခဲ့တဲ့ စိတ်ဒဏ်ရာတွေနဲ့ နပန်းလုံးနေကြရပါတယ်။ 

ဒါပေမဲ့ သင့်အတွက် သတင်းကောင်းတစ်ခုလည်းရှိနေပါတယ်။ ဒါကတော့ သင်ကသာ နည်းမှန် လမ်းမှန်နဲ့ ပြုစုပျိုးထောင်ပေးရင် ဘယ်အသက်အရွယ်ရောက်နေတဲ့ကလေးမဆို တိုးတက်ပြောင်းလဲ လာနိုင်ပါတယ်။ မွေးစားမိဘတွေဘက်က ကလေးကို လူမှုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက် တာတွေကို သင်ကြားပေးမယ်။ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်မယ်။ ဦးနှောက်ဖွဲ့စည်းမှုကောင်းဖို့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ ကျွေးပြီး ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်ခိုင်းမယ်။ ဒီအချက်တွေကို မိဘတွေဘက်က တတ်နိုင်သမျှ ဖြည့်ဆည်းပေးမယ်ဆိုရင် ကလေးတွေဟာ ဖွံဖြိုးတိုးတက်လာမှာ အမှန်ပါပဲ။ 

ကလေးတစ်ယောက်ဖွံဖြိုးတိုးတက်လာဖို့ အဓိကအရေးကြီးတာက သားသမီးနဲ့မိဘကြားမှာရှိတဲ့ ဆက်ဆံရေး ခိုင်မာဖို့ပါပဲ။ မိဘနဲ့သားသမီးကြား အပြန်အလှန် ယုံကြည်မှုကို နည်းလမ်းတကျ တည်ဆောက် နိုင်ရင် ကလေးတစ်ယောက်ဖွံဖြိုးတိုးတက်လာဖို့လိုအပ်တဲ့ အခြားအရာအားလုံးဟာ လွယ်လင့်တကူ ဖြစ်မြောက် လာပါလိမ့်မယ်။ 

    • ကလေးရှိတဲ့ မိဘတွေ။ 
    • ကလေးတစ်ယောက်ကို မွေးစားဖို့ ပြင်ဆင်နေသူတွေ။ 
    • ကလေးယူမယ်လို့ ဆုံးဖြတ်ထားတဲ့ မိဘလျောင်းလျာတွေ။ 


    • ကလေးတွေနဲ့ အတူကစားခြင်းက အပြစ်ပေးဆုံးမတာထက် ပိုမိုထိရောက်ကြောင်း။ 
    • ကောင်းမွန်တဲ့ စားသောက်မှုပုံစံက ဦးနှောက်ရဲ့ဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်ကြောင်း။ 
    • ထိတွေ့ပွေ့ဖက်ခြင်းက ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အရေးပါလှတဲ့ အကြောင်းရင်း ဖြစ်ကြောင်း။