Everyone Communicates, Few Connect

John C. Maxwell
  •  24 min
  •  Audio Available

သင်ဟာ လူအချို့နဲ့ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ ခက်ခဲနေတယ်လို့ ထင်ပါသလား။ သင် စကား ပြောဆိုရာမှာ သူတို့ရင်ထဲအထိရောက်အောင် မပြောနိုင်ပဲ စကားဝိုင်းဟာ အပေါ်ယံထင်မြင် ယူဆချက်တွေနဲ့ ပြည့်ပြီး လေးနက်မှုမရှိဘူးလို့ ခံစားနေရပါသလား။ ဒီလိုဆိုရင်တော့ သင်ဟာ ဒီစာအုပ်ကို မဖြေမနေ ဖတ်ကြည့်လိုက်ပါ။ ဒီစာအုပ်မှာ လူသားအချင်းချင်းကြား စစ်မှန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက် လိုအပ်လှတဲ့ ပေါင်းသင်း ဆက်ဆံရေးဆိုင်ရာအနုပညာတစ်ရပ်ကို ရေးသားဖော်ထုတ်ပေးထားပါတယ်။ ဒီစာအုပ်ကိုဖတ်ခြင်းအားဖြင့် သင်ဟာ အခြားသူတွေနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ စကားပြောဆိုရာမှာ တစ်ဖက်လူ စိတ်ဝင်စားတဲ့ စကားဝိုင်းတွေကို ဖန်တီးပြောဆိုနည်း၊ ဆွဲဆောင်မှုကောင်းတဲ့ ပြောဟန်ဆိုဟန်တွေကိုအသုံးပြုပြီး ပေါင်းသင်း ဆက်ဆံရေးမှာ စစ်မှန်တဲ့ရင်းနှီးမှုကို ရယူနိုင်မယ့် နည်းလမ်းများစွာကို ဂျွန်စီမတ်ဝဲလ်က ဒီစာအုပ်မှာ အသေးစိတ် ဖော်ပြထားပါတယ်။ 

    • ပေါင်းသင်းဆက်ဆံရေး အားနည်းသူများ။ 
    • ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို  မြှင့်တင်ချင်သူများ။ 
    • လူတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ချင်သူများ။ 


    • အပြောကောင်းသူထက် နားထောင်ကောင်းသူဖြစ်ဖို့ ပိုပြီးလိုအပ်ရတဲ့အကြောင်းရင်းများ။ 
    • တစ်ဖက်လူရဲ့လိုအပ်ချက်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဖန်တီးပြောဆိုမှုဆိုင်ရာနည်းလမ်းများ။ 
    • စစ်မှန်တဲ့ဆက်ဆံရေးတွေကို မှန်ကန်စွာတည်ဆောက်ပုံနည်းလမ်းများ။