Becoming Attached

Robert Karen
  •  20 min
  •  Audio Available

လူသားဘဝဖွံ့ဖြိုးပြောင်းလဲမှုဆိုင်ရာစိတ်ပညာနယ်ပယ် အရှိန်အဟုန်မြှင့်တိုးတက်လာခဲ့တဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်ကာလတွေမှာမိဘအုပ်ထိန်းမှုနဲ့ ကလေးဘဝဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသီအိုရီတွေဟာ အမြဲလိုလို အငြင်းပွားဖွယ် ဖြစ်နေခဲ့ပါတယ်။ များပြားလှတဲ့ အုပ်ထိန်းမှုဆိုင်ရာအကြောင်းအရာ၊ အချက်အလက်တွေကြားမှာ အမှန်၊ အမှားခွဲခြားသတ်မှတ်ပေးဖို့ဆိုတာ ကျွန်မတို့အတွက် ခက်ခဲပါတယ်။ ဒီလိုနဲ့ အချို့အကြောင်းအရာတွေက ကျမတို့အတွက် ဒွိဟဖြစ်စရာ ဖြစ်လာပါတော့တယ်။  

ဒီစာအုပ်ထဲမှာ ကလေးဘဝရဲ့သံယောဇဉ်တွယ်တာမှုပုံစံတွေကို စိတ်ပညာရှုထောင့်ကနေ သုံးသပ်ဖော်ပြထားပါတယ်။ လေ့လာတွေ့ရှိချက်များစွာထဲကမှ ထိပ်တန်းစိတ်ပညာရှင်တွေရဲ့အရေးအပါဆုံး တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။  

ကလေးတွေနဲ့ သူတို့ကို ကနဦး ပြုစုစောင့်ရှောက်သူတွေကြားမှာရှိတဲ့ ဆက်ဆံရေးက အဲဒီကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများစွာဖြစ်ပေါ်စေတဲ့အကြောင်းတွေကို သင့်အနေနဲ့ ဒီစာအုပ်ထဲမှာလေ့လာနိုင်ပါတယ်။ ဒီအသိအမြင်တွေဟာ သင့်ရင်သွေးသားသမီးတွေကို သင့်တင့်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးချင်တဲ့သင့်အတွက် အကူအညီများစွာဖြစ်စေပါလိမ့်မယ်။ 

    • ကလေးမိဘတွေ။ 
    • ကလေး ပြုစုစောင့်ရှောက်ရေးလုပ်တဲ့သူတွေ။ 
    • ကလေးကို အနီးကပ်ပြုစုစောင့်ရှောက်နေရသူများ။ 


    • ကလေးနဲ့မိဘကြားက တွယ်တာမှုပုံစံတွေအကြောင်း။ 
    • မိဘတစ်ယောက်ရဲ့ ငယ်ဘဝကြီးပြင်းမှုပုံစံဟာ သူ့ရဲ့လက်ရှိသားသမီးထိန်းကြောင်းမှုပုံစံနဲ့ ဆက်နွယ်နေတဲ့ အကြောင်း။ 
    • ကလေးကို မိဘနဲ့ခွဲထားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်း။