Parenting

Andy & Sandra Stanley
  •  19 min
  •  Audio Available

လူသားတစ်ယောက်ကို ကိုယ်တိုင်ပြုစုပျိုးထောင်ရတော့မယ်ဆိုတဲ့အသိက မိဘတိုင်းရဲ့ရင်ကို လှုပ်ခတ် သွားစေပါတယ်။ မိဘတစ်ယောက်ဖြစ်ပြီဆိုတာနဲ့ အမြဲတမ်း မျက်စိဖွင့်နားစွင့်နဲ့ စိုးရိမ်စိတ်လွန်ကဲ နေတတ်ကြပါတယ်။ ကိုယ့်ကလေးကို ဘယ်လိုအပြုအမူတွေ သင်ပေးရမယ်၊ ဘယ်လိုအရာတွေဆို အပြစ်ပေးဆုံးမရမယ်၊ ဘယ်လိုအပြုအမူတွေဆို တိုက်တွန်းအားပေးရမယ် စသဖြင့် တစ်ချိန်လုံး စဉ်းစားတွေးတောနေတတ်ပါတယ်။ ဒါကြောင့် မိဘတွေဟာ စိတ်ရောကိုယ်ပါ ပင်ပန်းကြရတာပါ။ ကလေးမွေးပြီး ဆေးရုံကဆင်းတဲ့အချိန်ကစလို့ ဘဝ နေဝင်ချိန်ရောက်သည်အထိ မိဘတိုင်း ကိုယ့်ကိုယ်ကို မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့“ငါတို့ရဲ့ သားသမီးတွေကို မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ရဲ့လား” ဆိုတဲ့မေးခွန်းပါပဲ။ 

လူတိုင်းဟာ အမှားလုပ်မိဖို့လွယ်ပေမဲ့၊ အဲဒီအမှားကို သတိထားမိဖို့တော့ ခက်ခဲပါတယ်။ တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင် မှားလို့မှားမှန်းမသိပဲ ဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ အနာဂတ်က ကိုယ့်လက်ထဲမှာ ဆိုတဲ့ အသိဟာ မှားသွားမှာကြောက်တဲ့စိတ်ကို ပိုပြီးပြင်းထန်လာစေပါတယ်။ 

ဒါပေမဲ့ ဘယ်မိဘမှ ကိုယ့်သားသမီးကို တမင်သက်သက် လမ်းမှားရောက်အောင် မသင်ပေးပါဘူး။ ကောင်းစေချင်တဲ့ စိတ်ဆန္ဒနဲ့သာ ပြုစုပျိုးထောင်ကြတာပါ။ သားသမီးတွေကို ပြည့်ပြည့်စုံစုံထားနိုင်ဖို့ တစ်ချိန်လုံး လုံးပန်းနေရတာနဲ့ အဓိကပန်းတိုင်ကို မစဉ်းစားနိုင်ကြပါ။ ပိုဆိုးတာက ပန်းတိုင်အမျိုးမျိုးကို ရှာဖွေပြီး သေသေချာချာနားမလည်ပဲ ပြုစုပျိုးထောင်ဖို့ ကြိုးစားကြတာပါပဲ။ ဒီစာအုပ်ထဲမှာ ဖော်ပြပါပြဿနာအားလုံးကို ကူညီဖြေရှင်းပေးနိုင်မဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးထားပါတယ်။ 

  • ကလေးရှိတဲ့ မိဘတိုင်း။ 

    • သားသမီးတွေကို ဘယ်လောက်ချစ်ကြောင်းဖော်ပြနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု။ 
    • ဆယ်ကျော်သက်အရွယ်ကလေးတွေရဲ့ အမှားကို မိဘတွေအနေနဲ့ ကာကွယ်မပေးသင့်တဲ့အကြောင်းအရင်း။ 
    • ကလေးပြုစုပျိုးထောင်ခြင်းဟာ သီးနှံစိုက်ပျိုးတဲ့တောင်သူလယ်သမားတွေရဲ့အလုပ်နဲ့ ဘာကြောင့် အလားသဏ္ဌာန်တူကြောင်း။