How to Read a Financial Report

John A. Tracy and Tage C. Tracy
  •  16 min
  •  Audio Available

ဘဏ္ဍာရေးရှင်းတမ်းတွေကိုနားလည်ခြင်းဟာ လုပ်ငန်းတစ်ခုရဲ့ အခြေအနေကောင်း၊ မကောင်းဆိုတာကို သိနိုင်ဖို့အတွက် အခရာကျတဲ့အချက် ဖြစ်ပါတယ်။ သင့်အနေနဲ့ အစပိုင်းမှာတော့ ဒီလိုရှင်းတမ်းတွေကို နားလည်အောင်လုပ်ရတာဟာ ခက်တယ်ဆိုပြီး ခံစားရနိုင်ပေမဲ့ သဘောတရားအချို့ကို ရှင်းရှင်းလင်းလင်း နားလည်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ငွေလက်ကျန်ရှင်းတမ်း၊ အမြတ်ဝင်ငွေရှင်းတမ်း၊ ငွေစီးဆင်းမှု ရှင်းတမ်းတွေကိုပါ ကြည့်တတ်လာပြီး သူတို့တွေရဲ့လုပ်ဆောင်ပုံနဲ့ အချင်းချင်းကြားမှာ ဘယ်လိုချိတ်ဆက်နေလဲ ဆိုတာတွေကိုပါ နားလည်နိုင်လာမှာပဲ ဖြစ်ပါတယ်။ သင်ဟာ ဘဏ္ဍာရေးပိုင်းမှာ ကျွမ်းကျင်မှုမရှိသူဖြစ်ဖြစ်၊ ရင်းနှီး မြုပ်နှံသူဖြစ်ဖြစ်၊ သာမန်မန်နေဂျာဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ် ဘဏ္ဍာရေးဆိုင်ရာအချိုးတွေကို နားလည်အောင်လုပ်နိုင်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင်သင်ယူလို့ရပါတယ်။ ဒီစာအုပ်မှာ ဖော်ပြသွားမှာတွေကတော့ ဘဏ္ဍာရေးအစီရင်ခံစာရဲ့ နားလည်ရခက်ပြီး ရှုပ်ထွေးတဲ့အပိုင်းတွေကို သင့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်‌နိုင် နားလည်သွားစေမယ့် ရှင်းပြချက်တွေပဲ ဖြစ်ပါတယ်။ 

    • စာရင်းအင်းနယ်ပယ်မှသူများ။ 
    • စီးပွားရေးဘွဲ့ယူမယ့် ကျောင်းသားများ။ 
    • ဘဏ္ဍာရေးပိုင်းကိုစိတ်ဝင်စားသူများ။ 


    • ဘဏ္ဍာရေးရှင်းတမ်းတွေရဲ့ သဘောတရားအကြောင်း။ 
    • ဘဏ္ဍာရေးဆိုင်ရာ အချိုးတွေအကြောင်း။ 
    • စာရင်းစစ်အစီရင်ခံစာအကြောင်း။