Master of Change

Brad Stulberg
  •  16 min
  •  Audio Available

မြစ်တစ်စင်းကို ရပ်တန့်ဖို့ကြိုးစားကြည့်ပါ။ မဖြစ်နိုင်ဘူး မဟုတ်ပါလား။ အဆက်မပြတ် ရွေ့လျားနေတဲ့ မြစ်ရေ က တည်ငြိမ်စွာစီးဆင်းနေတာပါ။ ဒီလိုပဲ ကျွန်မတို့လည်း အဆက်မပြတ်ပြောင်းလဲနေတဲ့ ဘဝရေစီးကြောင်းထဲမှာ ရှင်သန်နေထိုင်ကြရပါတယ်။ တည်ငြိမ်ပြီထင်တဲ့အချိန်မှာ နောက်ထပ်ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပါတယ်။ ရုတ်တရက် အလုပ်ပြုတ်သွားတာ၊ အသည်းကွဲတာ၊ ကမ္ဘာ့ကူးစက်ရောဂါလိုမျိုး ထင်မှတ်မထားတဲ့အရာတွေ ဖြစ်ပေါ် လာတာ။ ဒီလိုဆက်တိုက်ပြောင်းလဲမှုတွေကြောင့် ဘဝက ပင်ပန်းလာပြီး၊ ကျွန်မတို့ဟာ ခိုင်မာတည်မြဲမဲ့အရာတစ်ခုခုကို အသည်းအသန်မျှော်လင့်ကြပါတယ်။ 

တကယ်တော့၊ ပြောင်းလဲမှုဆိုတာ ဘဝမှာ မဖြစ်မနေ ကြုံတွေ့ရမဲ့ကိစ္စပါ။ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒီတော့၊ လောကဓံရေစီးကြောင်းထဲမှာ အနစ်မြုပ်ခံမလား၊ ကူးခတ်သွားမလား၊ ဒါဟာ  ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှုပါပဲ။ သင့်အနေနဲ့ အဆက်မပြတ်စီးဆင်းနေတဲ့ ဘဝရေစီးကြောင်းထဲမှာ ကူရာမဲ့မျောပါနေတယ်လို့ ခံစားရတဲ့အခါ အဲဒီ ပြောင်းလဲမှုတွေကို သင့်ဘဝအတွက် အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲအသုံးချလိုက်ပါ။ 

    • ပြောင်းလဲမှုကြုံတိုင်း လမ်းပျောက်သလိုခံစားနေရသူတွေ။ 
    • ပြောင်းလဲမှုကြုံတိုင်း အဲဒါကို ခုခံတွန်းလှန်ဖို့ ကြိုးစားတတ်သူတွေ။ 


    • တောင်တက်သမားတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အကြောင်း။ 
    • ပြောင်းလဲမှုတွေကို ဘာကြောင့် မတွန်းလှန်သင့်ကြောင်း။ 
    • အကောင်းမြင်စိတ်ကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများအကြောင်း။