Failing Forward

John C. Maxwell
  •  17 min
  •  Audio Available

ဒီကနေ့ခေတ် ကမ္ဘာကြီးဟာ အောင်မြင်မှုတစ်ခုတည်းကိုသာ ထည့်တွက်တဲ့၊ အပြိုင်အဆိုင်နေရာတစ်ခု ဖြစ်ပါတယ်။ ကျရှုံးမှုဆိုတာကို အောင်မြင်မှုရဲ့ဆန့်ကျင်ဘက်တစ်ခု၊ အောင်မြင်မှုလမ်းကြောင်းအတွက် အတားအဆီးတစ်ခုလို့ သဘောထားလာကြပါတယ်။ ဒါကြောင့်၊ ကျရှုံးမှုကို တတ်နိုင်သမျှ ရှောင်ရမယ်လို့ လက်ခံထားကြပြန်ပါတယ်။ 

ကျွန်မတို့ရဲ့ကျရှုံးမှုတွေဟာ ဒီလိုအမြဲတမ်း နုံချာနေတာ ဟုတ်ပါရဲ့လား။ တကယ်တော့ ကျရှုံးမှုဆိုတာ အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက်စကားလုံး မဟုတ်ပါ။ ကျရှုံးမှုဆိုတာ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ကျရှုံးမှုကို တမင်တကာရှောင်နေဖို့ မလိုအပ်ပါ။ ကျရှုံးမှုတွေကတဆင့် သင်ခန်းစာယူပြီး အနာဂတ်ကို ပိုကောင်းအောင် ဖန်တီးနိုင်ပါတယ်။ အဲဒီအခါ ကျွန်မတို့ဟာ ပိုပြီး ကြံ့ခိုင်သန်မာလာပါလိမ့်မယ်။ 

ဘယ်သူမဆို ဘဝမှာ ကျရှုံးမှုတွေကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ကျရှုံးမှုမှာ အကျိုးကျေးဇူးတွေများစွာ ရှိပါတယ်။ စိတ်ကူးသစ်တွေ ထုတ်ဖော်ရင်း ကိုယ် အစွမ်းရှိသလောက် ကြိုးစားနိုင်မယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို သိလာပြီး ပြုပြင်နိုင်မယ်။ ဒါဆိုရင် ကျွန်မတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိလာမှာပါ။ ရှင်းလင်း ပြတ်သားတဲ့ပန်းတိုင်တွေ အကောင်းမြင်စိတ်တွေနဲ့ ကျရှုံးမှုကိုလက်ခံနိုင်ခြင်းတွေက အောင်မြင်မှုရဲ့ အဓိကသော့ချက် ဖြစ်ပါတယ်။ 

ဒီကနေ့မှာ ကျရှုံးမှုကို လေ့လာသင်ယူခြင်းက မနက်ဖြန်မှာ အောင်မြင်မှုရဖို့ အထောက်အပံ့ ဖြစ်နိုင်ပါတယ်။ 

    • ဘဝမှာ ကျရှုံးမှာကိုကြောက်ပြီး ဘာမှ မစွန့်စားဝံ့သူတွေ။ 
    • အောင်မြင်မှုလမ်းကြောင်းကို ပုံဖော်နေသူတွေ။ 
    • လူငယ်တွေ။ 


    • ဈေးကွက်ရှာဖွေရေးပြဿနာက ကိုကာကိုလာကုမ္ပဏီကို အောင်မြင်မှုရအောင် လမ်းခင်းပေးခဲ့ကြောင်း။ 
    • သောမတ်အယ်ဒီဆင်က ကျရှုံးမှုတွေကို ဘယ်လို အသုံးချခဲ့ကြောင်း။ 
    • ပီးနပ်စ် ကာတွန်းရုပ်ရှင်ထဲကဇာတ်ကောင် ချာလီ ဘရောင်း (Charlie Brown)ကို ဘာကြောင့် အတု မယူသင့်ကြောင်း။