Option B

Sheryl Sandberg and Adam Grant
  •  15 min
  •  Audio Available

ဖေ့စ်ဘွတ်ခ် လည်ပတ်ရေးရုံးရဲ့ အရာရှိချုပ် ရှဲရူ ဆန်ဘတ် (Sheryl Sansberg) ဟာ အသက် ၄၅ နှစ်အရွယ်မှာ မုဆိုးမ ဖြစ်ခဲ့ပြီး၊ သူမမှာ မူလတန်းအရွယ်ကလေးနှစ်ယောက် ရှိပါတယ်။ ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရတဲ့ နာကျင် ဝမ်းနည်းမှုနဲ့အတူ ကလေးနှစ်ယောက်လုံးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရတော့မယ်ဆိုတဲ့အတွေးက သူမကို တုန်လှုပ်စေခဲ့ပါတယ်။ ဝမ်းနည်းပက်လက် ဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမကို ဖြေသိမ့်ပေးနိုင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူငယ်ချင်းဆီကနေ စိတ်ဓာတ် ကြံ့ခိုင်မှု၊ ဝမ်းနည်းကြေကွဲမှုနဲ့ ပျော်ရွှင်စရာအကြောင်းတွေကို လေ့လာခွင့် ရခဲ့ပါတယ်။ သူမဟာ ပူဆွေးသောကရောက်‌နေချိန်မှာ ခင်ပွန်းသည်ကိုသာ ပြန်လိုချင်ကြောင်း တဖွဖွပြောပြီး ငိုကြွေးနေခဲ့တာပါ။ ဒီဆန္ဒက ဘယ်တော့မှဖြစ်မလာနိုင်တော့ကြောင်း၊ ဘဝကို ခံနိုင်ရည်ရှိရှိ ဖြတ်သန်းနိုင်ဖို့၊ ဆုံးရှံးမှုတွေကို လက်ခံနိုင်ဖို့နဲ့ နောက်ထပ်ရွေးချယ်စရာတွေကို မဖြစ်မနေ ရွေးချယ်ဖို့ အကြောင်းတွေကို သူငယ်ချင်းဖြစ်သူ (ဒေ့ဗ်) က သူမကို ပြောပြခဲ့ပါတယ်။  

    • ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပြီး အမြဲတမ်း နောင်တတရားတွေနဲ့ နေထိုင်တတ်သူတွေ။ 
    • ဝမ်းနည်းနေတဲ့အချိန်မှာ အပျော်မရှာသင့်ဘူးလို့ လက်ခံထားသူတွေ။ 
    • သူတစ်ပါး ဝမ်းနည်းနေတဲ့အချိန်မှာ အနှောင့်အယှက်ဖြစ်မှာစိုးတဲ့စိတ်နဲ့ တမင်တကာ ရှောင်နေတတ်သူတွေ။ 


    • ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်တဲ့စိတ်က ဘာကြောင့် မကောင်းကြောင်း။ 
    • ဘဝမှာ စိတ်ဓာတ်ကြံ့ခိုင်မှုက ဘယ်လောက်အရေးပါကြောင်း။ 
    • ပူဆွေးသောကရောက်နေသူတွေကို တစ်ယောက်တည်း ဘာကြောင့် ပစ်မထားသင့်ကြောင်း။