သားသမီးတစ်ယောက် ရှိလာပြီဆိုတာနဲ့ ကျွန်မတို့ဟာ ကိုယ့်သားသမီးရဲ့ ကောင်းကျိုးသုခ အလုံးစုံကို ထိန်းသိမ်းပေးရတဲ့သူ ဖြစ်လာပါပြီ။ ဒါပေမဲ့၊ မိဘတော်တော်များများက ကိုယ့်သားသမီးရဲ့ အရည်အချင်းတွေနဲ့ အလားအလာကောင်းတွေကို တမင်ဖျက်ဆီးသလို ပြုမူမိတတ်ပါတယ်။ သူတို့ဟာ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေကိုလိုက်ပြီး သူတို့ရဲ့အတ္တ၊ စိုးရိမ်မှုနဲ့ အကြံအစည်တွေအတိုင်း သားသမီးတွေကို ပြုစုပျိုးထောင်ချင်ကြပါတယ်။ ဒါက သားသမီးတွေအပေါ် မတရားရာ ရောက်ပြီး သားသမီးတွေရဲ့ကိုယ်ပိုင်ဘဝနဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးစေပါတယ်။
ဒီလိုပျိုးထောင်မှုပုံစံကို တွန်းလှန်နိုင်ဖို့ဆိုရင် သားသမီးဆိုတာ ကိုယ်ပိုင်ပစ္စည်းဥစ္စာတစ်ခု မဟုတ်ဘူးဆိုတဲ့အချက်ကို လက်ခံနိုင်ရပါမယ်။ မိဘတွေဟာ သားသမီးတွေရဲ့ဘဝကို ကိုယ့်မျှော်လင့်ချက်၊ ကိုယ့်ဆန္ဒတွေနဲ့ ပုံမဖော်သင့်ပါဘူး။ မိဘတွေအနေနဲ့ သားသမီးတွေကို စိတ်မွန်းကြပ်မှု မပေးဘဲ သားသမီးတွေရဲ့လိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနိုင်ဖို့သာ ကြိုးစားသင့် ပါတယ်။ သားသမီးတွေကို သတိတရားနဲ့ယှဉ်ပြီး ထိန်းကျောင်းနိုင်တဲ့မိဘတွေကသာ အသိဉာဏ်ရှိတဲ့မိဘတွေ ဖြစ်ပါတယ်။
No New Notifications