Secrets of the Millionaire Mind

T. Harv Eker
  •  25 min
  •  Audio Available

လူတိုင်းမှာ ငွေကြေးချမ်းသာမှုနဲ့ပတ်သက်ပြီး မတူညီတဲ့သဘောထားတွေ ရှိကြပါတယ်။ တချို့လူတွေက သူတို့နဲ့ ထိလိုက်သမျှအရာရာကို ရွှေအဖြစ်ပြောင်းလဲပစ်နိုင်တဲ့အစွမ်း ပိုင်ဆိုင်ကြပါတယ်။ တချို့လူတွေက စီးပွားရေး အတွေးအခေါ်ကောင်းတွေနဲ့အတူ ဝင်ငွေ အများကြီးရအောင် ဖန်တီးနိုင်ကြပါတယ်။ ဒါပေမဲ့၊ နောက်ပိုင်းမှာ မိမိကိုယ်မိမိ အထင်ကြီးမှု လွန်ကဲလာပြီး ဆိုးရွားတဲ့ရင်းနှီးမြှုပ်နှံမှုတွေထဲ ပါသွားတတ်ပါတယ်။ တချို့ကျတော့လဲ ခြူးတစ်ပြားမှ ရင်းနှီး မြှုပ်နှံမှု မပြုဘဲ၊ တစ်ချိန်လုံး ဆင်းရဲမွဲတေ နေကြပါတယ်။ 

စီးပွားရေးနဲ့ငွေကြေးဆိုင်ရာဗဟုသုတတွေ ကြွယ်ဝမှ ငွေကြေးဆိုင်ရာအောင်မြင်မှုတွေ အလိုလျောက်ရနိုင်မယ်လို့ ကျွန်မတို့ အများစုက ယုံကြည်ထားကြတာပါ။ ဒါပေမဲ့၊ ကျွန်မတို့ရဲ့ဝင်ငွေနဲ့ ငွေကြေးလုပ်ငန်းတွေဟာ ကျွမ်းကျင်မှု၊ ကံတရားတို့နဲ့ အများကြီး မသက်ဆိုင်ပါဘူး။ ကျွန်မတို့ရဲ့ မသိစိတ်မှာရှိတဲ့အတွေးပုံစံနဲ့သာ သက်ဆိုင်တာပါ။  

ကျွန်မတို့ တစ်ယောက်ချင်းစီမှာ မိမိတို့ရဲ့အတွင်းစိတ်မှာအမြဲသိမ်းထားတဲ့ တိကျတဲ့အတွေးပုံစံတွေ ရှိကြပါတယ်။ ကလေးဘဝအတွေ့အကြုံနဲ့ စံပြပုဂ္ဂိုလ်တွေက ဒီအတွေးပုံစံတွေကို ပုံဖော်ပေးတာပါ။ ပြီးတော့၊ ဒီအတွေးပုံစံက ကျွန်မတို့ရဲ့ အပြုအမူအပေါ် အတိုင်းအတာတစ်ခုထိ လွှမ်းမိုးထားတဲ့အတွက် နောက်ပိုင်းမှာ ချမ်းသာကြွယ်ဝမှုအပေါ် တိုက်ရိုက် အကျိုး သက်ရောက်စေပါတယ်။ 

လူတွေရဲ့ဝင်ငွေက ကလေးဘဝမှာ ချမှတ်ခဲ့တဲ့ ဝင်ငွေအဆင့်မှာပဲ အဆုံးသတ်ကြတာ များပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့မသိစိတ်က သူတို့ကို အပူထိန်းကိရိယာတစ်ခုလို ထိန်းညှိပေးနေလို့ပါ။ တကယ်လို့ သူတို့ရဲ့ အပူထိန်း ကိရိယာက အလွန်နိမ့်ကျနေမယ်ဆိုရင် လက်ထဲ အပိုဝင်ငွေရလာတာနဲ့ အလွန်အကျွံဖြုန်းလိုက်ကြတာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ အပူထိန်းကိရိယာ မြင့်မားရင်တော့ လက်ထဲ ငွေကြေး အပြတ်မခံဘဲ ချမ်းသာကြွယ်ဝဖို့ ကြိုးစားလေ့ရှိပါတယ်။ 

လူတော်တော်များများမှာ ချမ်းသာနိုင်တဲ့အလားအလာကောင်းတွေ ရှိကြပါတယ်။ ဒါပေမဲ့၊ ရေရှည် ချမ်းသာကြွယ်ဝမှုကိုတော့ လူအနည်းစုလောက်သာ ပိုင်ဆိုင်ထားတာပါ။ ဒေါ်နယ်ထရန့်လိုမျိုး ကိုယ်စွမ်းကိုယ်စနဲ့ ကြီးပွားလာကြတဲ့ ဘီလျံနာ သူဌေးတွေတောင် တစ်ခါတလေ ငွေအစုလိုက်အပုံလိုက် ဆုံးရှုံးတာတွေ ရှိပါတယ်။ ဒါပေမဲ့၊ သူတို့မှာ ဘီလျံနာအတွေးတွေ ရှိတဲ့အတွက် ချမ်းသာကြွယ်ဝမှုကို အလွယ်တကူ ပြန်ရှာနိုင်ကြပါတယ်။ သူတို့ကို သာဓကထားပြီး သင့်ရဲ့ အတွေးဟောင်းတွေကို စွန့်ပစ်ပါ။ မီလျံနာအတွေးတွေ မွေးမြူနိုင်ဖို့ လေ့လာသင်ယူပါ။ 

  • သန်းကြွယ်သူဌေး ဖြစ်ချင်သူတိုင်း။ 

    • ငွေကြေးကံကြမ္မာနဲ့ပတ်သက်တဲ့ ကျွန်မတို့ရဲ့သဘောထားတွေက ဘယ်ကနေ ဆင်းသက်လာကြောင်း။ 
    • သူဌေးနဲ့လူဆင်းရဲကြားက မတူညီတဲ့ တွေးခေါ်မှုပုံစံတွေအကြောင်း။ 
    • လူချမ်းသာတွေနဲ့ ဘာကြောင့် ပေါင်းသင်းဆက်ဆံသင့်ကြောင်း။