Get Off Your "But"

Sean Stephenson
  •  18 min
  •  Audio Available

အကယ်၍ သင်ဟာ စာရေးဆရာ ရှောင် စတီဗင်ဆန် (Sean Stephenson) အကြောင်း ကြားဖူးနားဝရှိတယ်ဆိုရင် သူ့ဘဝ ဇာတ်ကြောင်းကိုလဲ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ သူဟာ မွေးရာပါ အရိုးကြွပ်ဆတ်တဲ့ရောဂါ (osteogenesis imperfect)ကြောင့် အကြမ်းပတမ်းမခံနိုင်တဲ့ ထိလွယ်ရှလွယ်ဘဝကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့၊ သူ့မိဘတွေရဲ့ ကူညီ အားပေးမှုကြောင့် သူဟာ စိတ်ဓာတ်ကြံ့ခိုင်သူ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိသူအဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ ဒါကြောင့်လဲ သူဟာ အောင်မြင်တဲ့ ရောဂါကုထုံးလုပ်ငန်းတစ်ခုရဲ့ ဟောပြောသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ 

ဒီအနှစ်ချုပ်မှာဆိုရင် သူ့ရဲ့ ဘဝနေထိုင်နည်းတွေက ကျွန်မတို့အနေနဲ့ ဘဝကို စိတ်ကျေနပ်မှုအပြည့်နဲ့ နေထိုင်တတ်အောင် လမ်းညွှန်ပေးနိုင်ပါတယ်။ ဒီထဲမှာပါတဲ့ သင်ခန်းစာ ၆ ခုက ကျွန်မတို့အဖို့ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ထားတဲ့ ကန့်သတ်ချက်တွေကနေ လွတ်မြောက်စေဖို့ ကူညီနိုင်မှာပါ။ တစ်ခုခုဆို ဆင်ခြေပေးတတ်တဲ့အလေ့အကျင့်တွေ ပျောက်သွားပြီး နေ့သစ်တိုင်းမှာ စိန်ခေါ်မှုအသစ်တွေနဲ့ ကိုယ့်အရည်အချင်းတွေကို ဖော်ထုတ်နိုင်လာပါလိမ့်မယ်။  

    • အလုပ်တစ်ခုကို စပြီး လုပ်မကြည့်ခင်ကတည်းက စိတ်အားလျှော့တတ်သူတွေ။ 
    • သူတစ်ပါးဘာပြောပြော ဆင်ခြေတစ်ခုနဲ့ အမြဲကာကွယ်ပြောဆိုတတ်သူတွေ။ 
    • ကိုယ့်ဘဝကိုယ် အကောင်းဆုံးမြှင့်တင်ချင်သူတွေ။ 


    • စာရေးဆရာ ရှောင် စတီဗင်ဆန်ရဲ့ ဘဝကိုအရှုံးမပေးတတ်တဲ့စိတ်ဓာတ်။ 
    • ဘဝနေနည်း နည်းလမ်း ၆ သွယ်နှင့် 
    • စွဲကိုင်ထားတဲ့ ဆင်ခြေတွေကို ဘာကြောင့်စွန့်လွှတ်သင့်ကြောင်း။