Beyond Culture

Edward Hall
  •  18 min
  •  Audio Available

ကျွန်မတို့ရဲ့ယဉ်ကျေးမှုနောက်ခံက ကျွန်မတို့ စကားပြောပုံ၊ လမ်းလျှောက်ပုံတွေကနေ ပဋိပက္ခ ဖြေရှင်းပုံ၊ လောကကို မြင်ပုံတို့အထိ ကျွန်မတို့ရဲ့ပြုမူပုံတွေကို အဆုံးအဖြတ် ပေးပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှု ရှိသူတွေနဲ့ ပြောဆိုဆက်ဆံမယ်ဆိုရင် အပြုအမူ ကွဲပြားပုံတွေကို သိမြင်နားလည်လာနိုင်မှာဖြစ်ပြီး ယဉ်ကျေးမှုနောက်ခံမျိုးစုံက လူတွေနဲ့ ဆက်သွယ်လာနိုင်မှာ ဖြစ်ပါတယ်။  

    • ယဉ်ကျေးမှုနောက်ခံတွေအကြောင်း စိတ်ဝင်စားသူများ။ 
    • ယဉ်ကျေးမှု မတူညီသူတွေနဲ့ ဆက်ဆံရသူများ။  
    • ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ ဖြေရှင်းရသူများ။ 


    • ဂျာမန်ဘာသာစကားနဲ့ ပရိုဂရမ်းမင်း ဘာသာစကားတွေမှာရှိတဲ့ တူညီမှုအကြောင်း။ 
    • ဘရာဇီးလူမျိုး လုပ်ဖော်ကိုင်ဖက်က  သူ အလုပ်နောက်ကျခြင်းအတွက် ဘာကြောင့် ဆင်ခြေမပေးသလဲ ဆိုတဲ့ အကြောင်း။ 
    • ပူဘလို အိန္ဒိယန်း (Pueblo Indian- မြောက်အမေရိကန် အိန္ဒိယလူမျိုး)တွေက အနောက်တိုင်းကျောင်းတွေကို အရည်အသွေး နိမ့်ကျတယ်လို့ ဘာကြောင့်ထင်ကြသလဲဆိုတဲ့အကြောင်း။