သိဒ္ဓိရှင် ဝတ္ထုဟာ အန်ဒလူးစီးယန်းနယ်က သိုးကျောင်းသားတစ်ယောက်ရဲ့ အသိဉာဏ်ပွင့်မှု ခရီးစဉ်အကြောင်း ဖြစ်ပါတယ်။ ကောင်ကလေးဟာ သူ့အိပ်မက်ထဲက ရတနာတွေရှာဖွေဖို့ သဲကန္တာရကို ဖြတ်ပြီး အီဂျစ်ပိရမစ်တွေဆီသွားရမဲ့ ခရီးရှည်အတွက် သူပိုင်ဆိုင်သမျှကို စွန့်လွှတ်ခဲ့ရပါတယ်။ သူဟာ လမ်းတစ်လျှောက်တွေ့ခဲ့တဲ့ နိမိတ်တွေကို လိုက်နာခဲ့တယ်။ အတားအဆီးတွေ၊ စမ်းသပ်ချက်တွေ ကြုံခဲ့ရပြီး သူတို့ဆီကနေ စွန့်စားဖို့၊ ကြောက်စိတ်ကို ကျော်လွှားဖို့၊ သူ့ရဲ့နှလုံးသားက ပြောတာကို နားထောင်ဖို့ သင်ယူခဲ့ရတယ်။ ဒီဇာတ်ကြောင်းမှာ စာရေးသူက ချစ်ခြင်းမေတ္တာဆိုတဲ့ စကြဝဠာဘာသာစကား (Universal language)အကြောင်း သင်ယူပြီး လောကဝိညာဉ် (Soul of the World)နဲ့ ဆက်သွယ်ကာ ဒီစွမ်းအားကို ကျွန်မတို့ ဘဝတွေကိုပြောင်းလဲရာမှာ အသုံးပြုဖို့ သင်ကြားပေးထားပါတယ်။
No New Notifications