Love Your Life, Not Theirs

Rachel Cruze
  •  18 min
  •  Audio Available

“အကျင့်” လို့ ကြားလိုက်တာနဲ့ သင့်စိတ်ထဲပေါ်လာတာ ဘာလဲ? လက်သည်း ကိုက်တာ၊ အရက်အလွန်အကျွံသောက်တာမျိုးတွေလား? သေချာတာကတော့ မကောင်းတဲ့အလေ့အကျင့်တွေ အများကြီးရှိသလို ကောင်းတဲ့အလေ့အကျင့်တွေလဲ အများကြီးရှိပါတယ်။ ဥပမာ - အိပ်ယာစောစောထတာတို့၊ ကျန်းမာရေးညီညွတ်အောင် စားသောက်တာတို့၊ ထမင်းစားနေချိန် ဖုန်းမသုံးတာတို့ပေါ့။

အလေ့အကျင့်ဆိုတာ ကိုယ်လုပ်နေကျဖြစ်နေတာတစ်ခုခုကို ပြောတာပါပဲ။ ကိုယ့်ဘဝကို ထိန်းကျောင်းဖို့ ကိုယ့်မှာရှိတဲ့ အကျင့်တွေကို သိထားရုံနဲ့မရဘူး။ အဲဒီအကျင့်တွေကို ကိုင်တွယ်ထိန်းချုပ်နိုင်ရမယ်။ မကောင်းတာကို ဖယ်ပြီး ကောင်းတာကို ဆက်ပျိုးထောင်ရမယ်။

ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်တွေက ဘဝမှာ သိပ်အရေးပါတာကြောင့် သင့်ရဲ့ငွေသုံးစွဲမှု အလေ့အကျင့်တွေအကြောင်း စဉ်းစားကြည့်ပါ။ အဲဒီအလေ့အကျင့်တွေက သင့်ဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိကြောင်း တွေးကြည့်ပါ။ ကောင်းတဲ့အကျိုးသက်ရောက်မှုလား၊ မကောင်းတဲ့အကျိုးသက်ရောက်မှုလား သုံးသပ်ကြည့်ပါ။ ဥပမာ - ကိုယ်က ငွေသုံးရတာကို ဝါသနာပါနေသူလား? တွေ့တာနဲ့ ဘာမှမစဉ်းစားဘဲ ဝယ်တတ်သူလား? ဒါမှမဟုတ် ဘာပဲဝယ်ဝယ် ကိုယ့်လက်တွဲဖော်နဲ့ အမြဲဆွေးနွေးတတ်သူလား? ဒီလိုမျိုး စဉ်းစားကြည့်ပါ။

ငွေကြေးနဲ့ပတ်သက်တဲ့ မကောင်းတဲ့အကျင့်တွေ ဖျောက်ပြီး ကောင်းတဲ့အလေ့အကျင့်တွေမွေးမြူဖို့ ဆိုတာ တကယ်တော့ ခဲရာခဲဆစ်နည်းနည်းနိုင်တယ်။ ဘာလို့လဲဆိုတော့ ပျက်စီးရာပျက်စီးကြောင်းတွေ နားလည်ဖို့ တစ်ခါတလေ သိပ်ခက်တယ်။ ဒါကြောင့် ငွေကြေးစီမံခန့်ခွဲရာမှာ အတွေ့ရအများဆုံး

ပြဿနာတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြထားတယ်။ ပြီးတော့ အဲဒီပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ဖော်ပြထားတယ်။

  • • ဝင်ငွေထက် ထွက်ငွေပိုများနေသူတွေ။

    • ဘဝကို အကြွေးကင်းကင်းနဲ့ နေလိုသူတွေ။

    • ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်း မွေးမြူချင်သူတွေ။

  • • လူတွေ အကြွေးတင်ရတဲ့ အကြောင်းအရင်း။

    • ငွေစုခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူး။

    • ငွေကြေးစီမံမှု နည်းလမ်းကောင်းများ။