အရှေ့တိုင်းဝါဒဆိုတာ အနောက်တိုင်း စာရေးဆရာတွေ၊ မူဝါဒ ချမှတ်သူတွေနဲ့ အနောက်တိုင်း ပြည်သူလူထုက အရှေ့အလယ်ပိုင်းဒေသရဲ့ အစ္စလာမ်လူမှုအသိုင်းအဝိုင်းကို အရှေ့တိုင်းသားများလို့ သတ်မှတ်ခေါ်ဝေါ်ပြီး၊ လေ့လာဖော်ပြတဲ့ မူဝါဒ တစ်ခုဖြစ်ပါတယ်။ ဒီဝါဒရဲ့ အဓိကပြောလိုရင်းအချက်က အရှေ့တိုင်းဟာ အနောက်တိုင်းနဲ့ အခြေခံအားဖြင့် ကွဲပြားပြီး၊ ထူးဆန်း တဲ့၊ အန္တရာယ်ကြီးတဲ့၊ ဘယ်တော့မှ မပြောင်းလဲတဲ့ အခြားဒေသတစ်ခု ဖြစ်တယ်လို့ သုံးသပ်ထားခြင်းပါ။ အရှေ့အတိုင်းအပေါ် ဒီလိုမြင်တဲ့ အယူအဆက အနောက်တိုင်းသားတွေရဲ့ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဘာသာရေး၊ ဘာသာစကားတို့နဲ့ သိသိသာသာ ကွဲပြားတဲ့အမြင်တွေ ဖြစ်ပေါ်လာစေပြီး၊ အနောက်တိုင်းသားတွေဟာ သူတို့ကိုယ်သူတို့ အရှေ့တိုင်းနဲ့ မတူဘဲ အဆင့်အတန်း ပိုမြင့် သယောင် ယူဆလာစေပါတယ်။ ဒီတော့၊ အရှေ့တိုင်းဝါဒဆိုတာ အနောက်တိုင်းက အရှေ့တိုင်းကို နားလည်သယောင် လီဆယ် ပြောဆိုထားခြင်းပါပဲ။ ဒါပေမဲ့၊ အရှေ့တိုင်းဟာ လက်တွေ့မှာ ဒီအယူအဆထဲကလို မဟုတ်ပါ။
· အရှေ့တိုင်းဝါဒအကြောင်း လေ့လာလိုသူများ။
· အရှေ့အလယ်ပိုင်းဒေသ လူမျိုးတွေအကြောင်း လေ့လာလိုသူများ။
· ကမ္ဘာ့သမိုင်းကို စိတ်ဝင်စားသူများ။
· အရှေ့တိုင်းဝါဒက ကိုလိုနီဝါဒကို ဘယ်လို အကျိုးပြုခဲ့သလဲ ဆိုတဲ့အကြောင်း။
· အမျိုးသားနိုင်ငံဆိုတဲ့ အတွေးအခေါ်က တော်လှန်ရေးလှုပ်ရှားမှုတွေကို ဘယ်လို တွန်းအားပေးခဲ့သလဲ ဆိုတဲ့အကြောင်း။
· အာရပ်ခေါင်းဆောင်တစ်ယောက်ရဲ့ပုံရိပ်က အနောက်တိုင်းရဲ့ ကြားဝင်နှောင့်ယှက်မှုကို ဘယ်လိုတရားဝင်အောင် လုပ်နိုင်ခဲ့သလဲ ဆိုတဲ့အကြောင်း။
No New Notifications