Pageboy

Elliot Page
  •  18 min
  •  Audio Available

လိင်ပြောင်းသူတွေဟာ သူတို့ကို လူ့အဖွဲ့အစည်းက လက်သင့်ခံလာကြဖို့တင်မက၊ သူတို့ဘဝတွေအတွက်ပါ တိုက်ပွဲဝင်နေကြရတာပါ။ သူတို့ကို အပြင်းအထန် ဆန့်ကျင်တဲ့ သတင်းဇာတ်လမ်းတွေ မြင့်တက်လာမှုနဲ့ ဆုတ်ယုတ်လာတဲ့ တရားဥပဒေစနစ်တို့က သူတို့အဖို့ အကျည်းတန်တဲ့ ပုံရိပ်တစ်ခုကို ပုံဖော်နေကြပါတယ်။ ဒါကြောင့် အခုအချိန်ဟာ မိန်းမလျာတွေနဲ့ လိင်ပြောင်းလဲထားသူတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ၊ ကောလဟာလတွေ ပပျောက်စေဖို့ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။

အယ်လီယက် ပေ့ (Elliot Page) ဟာ ချမ်းသာကြွယ်ဝတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး၊ လိင်ပြောင်းသူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုကို အချိန်မရွေး ရနိုင်သူပါ။ ဒါပေမဲ့၊ ဆယ်စုနှစ်များစွာ ရုန်းကန်ပြီးနောက် လိင်ပြောင်းလဲထားသူ တစ်ယောက်အဖြစ် လူအများရှေ့ကို ထွက်လာဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ အခြားသူတွေနည်းတူ စစ်မှန်ပါတယ်။

အခုအခါမှာ သူဟာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ရတဲ့ လိင်ပြောင်းလဲသူတို့ရဲ့ စကားသံတွေကို ကျယ်လောင်လာအောင် မြှင့်တင်ပေးတဲ့ တွန်းအားတစ်ခုအဖြစ် ပေါ်ထွက်လာပါပြီ။ အယ်ဂျီဘီတီကျူ ပလပ်စ် (LGBTQ+) အသိုင်းအဝိုင်းအကြောင်း သတင်း အမှားတွေကို စိန်ခေါ်ဖြေရှင်းရင်း၊ သတင်းအချက်အလက် အမှန်တွေကို လူတွေသိလာအောင် အသိပညာ ပေးလျက်ရှိပါတယ်။ ဒါက သူ့ရဲ့ ရည်ရွယ်ချက် မဟုတ်ခဲ့ပေမဲ့၊ သူ့ရဲ့ဖြစ်တည်မှုအတိုင်း နေထိုင်ခြင်းက ကျွန်မတို့အတွက် စံပြ ဖြစ်ပါတယ်။

 


  • ·     လိင်ပြောင်းလဲမှုကို လက်ခံသူများ။

    ·     အယ်လီယက် ပေ့ အကြောင်း လေ့လာလိုသူများ။

    ·     လိင်ပြောင်းလဲသူတို့ရဲ့ အခက်အခဲတွေကို သိလိုသူများ။


  • ·     အယ်ဂျီဘီတီကျူ ပလပ် (LGBTQ+) အဖွဲ့အစည်းဝင်တွေ ကြုံရတဲ့ အခက်အခဲတွေအကြောင်း။

    ·     ဟောလိဝုဒ်ရဲ့ ရက်စက်တဲ့ အမှန်တရားတစ်ခု အကြောင်း။

    ·     မိမိရဲ့စစ်မှန်တဲ့ဖြစ်တည်မှုကို ချပြတဲ့အခါမှာ ရင်ဆိုင်ရတဲ့ အခက်အခဲများအကြောင်း။