စာရေးဆရာတွေ၊ တွေးခေါ်ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ လူ့သဘာဝရဲ့ ဗဟိုမဏ္ဍိုင်ဖြစ်တဲ့ ဆိုးယုတ်မှုကို သတိထားဖို့ သမိုင်းတစ်လျှောက် ရေးသားပြောဆိုခဲ့ကြပါတယ်။ လူတွေဟာ အတ္တသမားတွေ ဖြစ်တယ်၊ မိမိတို့ရဲ့ ရာထူးဂုဏ်အခြေအနေတွေ တိုးမြှင့်ဖို့သာ အမြဲကြံဆောင်နေကြတယ်လို့ သူတို့က ဆိုပါတယ်။ ဘယ်သူ သေသေ၊ ငတေမာရင် ပြီးရော ဆိုတာမျိုးပေါ့။ စစ်ပွဲတွေနဲ့လူမျိုးတုံးသတ်ဖြတ်မှုတွေလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဒီလိုအဆိုတွေ ထွက်ပေါ်လာပုံရပါတယ်။ ဒါပေမဲ့၊ ဒီလိုဆိုးယုတ်မှုတွေဟာ လူ့သဘာဝရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းကလေး တစ်ခုသာ ဖြစ်မယ်ဆိုရင်ကော၊ အခြေအနေတွေက ဘယ်လိုနေမှာပါလိမ့်။
လူသားအချင်းချင်းအပေါ် စာနာစိတ်နဲ့ ပြုစုစောင့်ရှောက်လိုစိတ်တို့ဟာ ကျွန်မတို့ဆီမှာ အလိုအလျောက် ပါရှိပြီးသားပါ။ လူ့အဖွဲ့အစည်းဟာ ကျွန်မတို့ရဲ့ဗီဇစိတ်က မကောင်းတဲ့အပြုအမူတွေ ဖြစ်စေနိုင်ကြောင်း အလေးပေး ပြောဆိုနေချိန်မှာ၊ ဇီဝဗေဒနဲ့ သိပ္ပံပညာကတော့ လူသားတွေ အတူတကွ ညီညွတ်စွာ နေထိုင်တတ်ခြင်း၊ အခြားသူတွေကို အကူအညီပေးတတ်ခြင်း တို့ကလဲ မွေးရာပါလက္ခဏာတွေဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ဒီတော့၊ ကျွန်မတို့ ရွေးချယ်မြင်ပြီး အလေးပေးတဲ့အရာတွေကသာ လက်တွေ့ ဖြစ်လာနိုင်မှာပါ။
No New Notifications