လူသားတွေဟာ ဘဘာဝတရားနဲ့ လိုက်လျောညီထွေနေထိုင်ရမဲ့အစား၊ သဘာဝတရားကို ထိန်းချုပ်လွှမ်းမိုးဖို့ ကြိုးစားကြပါတယ်။ ဒါကြောင့်ပဲ များစွာသော ထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေပါတယ်။ ထိခိုက်ပျက်စီးမှုတွေဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုကတော့ ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲခြင်းပါ။ ပိုးသတ်ဆေးတွေကို အပင်ဖျက်ပိုးတွေ၊ ပေါင်းမြက်တွေကို ရှင်းလင်းဖို့ ရည်ရွယ်ခဲ့ပေမဲ့၊ ဒီဆေးတွေဟာ သက်ရှိအားလုံးကို ထိခိုက်လာခဲ့ပါတယ်။ ဒါကြောင့်၊ အစိုးရတွေအနေနဲ့ ပိုးသတ်ဆေးအသုံးပြုမှုကို တင်းကြပ်တဲ့စည်းမျဉ်းတွေချမှတ်ဖို့ လိုအပ်ပြီး၊ ဒီဆေးတွေရဲ့ ထိခိုက်စေတဲ့ အကျိုးဆက်တွေအကြောင်း လူတွေကို အသိပညာပေးဖို့ လိုအပ်ပါတယ်။
No New Notifications