မငြင်းဆန်နိုင်မဲ့ အရောင်းကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းတတ်တာဟာ အချီကြီးရတာတို့၊ ပွပေါက်တိုးတာတို့ စတဲ့ အများကြီးရောင်းထွက်နိုင်တဲ့ အခွင့်အရေးတွေကို ရစေနိုင်ပါတယ်။ သင့်ကုန်ပစ္စည်းရဲ့အကြောင်းကို သေချာနားလည်သဘောပေါက်ပြီး လူ့သဘာဝကို အသုံးချကာ ဈေးကိုလဲ ကောင်းကောင်းကစားတတ်မယ်ဆိုရင် ယိုင်နဲ့နဲ့လုပ်ငန်းကနေ ဘဏ်ထဲမှာ ငွေတွေပုံနေတဲ့ လုပ်ငန်းအထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် လက်ရှိမှာ သင်လုပ်နေတဲ့ အလုပ်တွေထက် ပိုပြီး ထွေထွေထူးထူးအားစိုက်ထုတ်စရာမလိုပါဘူး။ လုပ်ရိုးလုပ်စဉ်လမ်းဟောင်းကြီးကို မလုပ်တော့ဘဲ သင့်မှာရှိတဲ့အရာကို မတူတဲ့ပုံစံမျိုးနဲ့ သတ်သတ်မှတ်မှတ် ကဏ္ဍတစ်ခုတည်းကို အထူးပြုပြီး ရောင်းရမှာပါ။ ကုန်ကုန်ပြောရရင် ဒီအချက်တွေကို လိုက်လုပ်လိုက်မယ်ဆိုရင် သင်ရဲ့ကမ်းလှမ်းချက်ကို လက်မခံတဲ့သူတွေဟာ ရူးနေလို့ပဲဆိုတဲ့ ခံစားချက်မျိုးကို သင့်ဝယ်သူတွေဆီ အရောက်ပို့နိုင်မှာ ဖြစ်ပါတယ်။
No New Notifications