သင့်ကလေးရဲ့အပြုအမူတွေကို ထိန်းကျောင်းရာမှာ အချိန်ကုန်သက်သာဖို့နဲ့ သင့်ကလေးနဲ့ဆက်ဆံရေးမှာ ပျော်စရာအချိန်တွေ ပိုများစေဖို့အတွက် စည်းကမ်းက အရေးကြီးပါတယ်။ ဒီစာအုပ်က အဲဒီလို စည်းကမ်းကို ဘယ်လိုချမှတ်မလဲဆိုတာကို ချဉ်းကပ်တင်ပြထားတာပါ။ ထိရောက်တဲ့စည်းကမ်းမှာ ကဏ္ဍနှစ်ရပ် ပါဝင်ပါတယ်။ အဲဒါတွေကတော့၊ ကလေးရဲ့ မလိုလားအပ်တဲ့အပြုအမူတွေကို ရပ်တန့်ပစ်ခြင်းနဲ့ နှစ်လိုဖွယ်အပြုအမူတွေကို ပျိုးထောင်ပေးခြင်းတို့ ဖြစ်ပါတယ်။ ဒီနှစ်ခုကို ကောင်းစွာလုပ်ခြင်းအားဖြင့် မိဘတွေမှာ သားသမီးတွေကို ထိန်းကျောင်းရခြင်းနဲ့ပတ်သက်ပြီး အချိန်ကုန်လဲ သက်သာ၊ လူပင်ပန်းရတာလဲ သက်သာလာမှာပါ။ အဲဒီနောက်မှာတော့၊ သားသမီးတွေနဲ့ ပိုမို ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ကို ပိုပြီးအာရုံစိုက်နိုင်ပါလိမ့်မယ်။
No New Notifications