21 Lessons for the 21st Century

Yuval Noah Harari
  •  25 min
  •  Audio Available

၂၁ ရာစုဟာ လူသားတွေအတွက် တစ်ခါမှ မကြုံခဲ့ရဖူးတဲ့ စိန်ခေါ်မှုတွေကို ယူဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာနဲ့ ကုန်သွယ်စီးပွားရေး တိုးတက်ပြောင်းလဲလာတာဟာ ကမ္ဘာ့လူမှုအဖွဲ့အစည်းတွေကိုလဲ လိုက်ပြောင်းလဲလာစေခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုကြီးကလဲ မြန်မြန်ဆန်ဆန်ကို ဖြစ်ပျက်နေတာပါ။ ဒီစာအုပ်က ဒီဘက်ခေတ်မှာ တွေ့ရတဲ့ စိန်ခေါ်မှု အကြီးစားတွေအကြောင်း ပြောပြပေးသွားပြီး လူတွေအနေနဲ့ ဘယ်လိုတွေ ဖြေရှင်းသင့်တယ်ဆိုတာပါ လမ်းညွှန်ပြသပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတာတွေကို လူတွေကို အသိပေးပြီး အနာဂတ်တစ်ခု ပုံမဖော်ဘူးဆိုရင် ကမ္ဘာကြီးမှာ အလိုအ‌လျောက်လုပ်ကိုင်နိုင်တဲ့ စက်တွေကြောင့် အလုပ်လက်မဲ့ ဖြစ်လာရတဲ့သူတွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်တော့တဲ့လူတွေနဲ့ နျူးကလီးယားလက်နက်တွေနဲ့ ကမ္ဘာကို ဖျက်စီးဖို့ လုပ်တာတွေကို ကြုံလာရတော့မှာပဲ ဖြစ်ပါတယ်။ 

    • ၂၁ ရာစုရဲ့ ပြောင်းလဲလာမှုတွေအကြောင်း သိလိုသူများ။ 
    • ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေကို သိလိုသူများ။ 
    • ကောင်းမွန်တဲ့ အနာဂတ် ဆက်ရှိနေသေးလိုတဲ့ လူသားအားလုံး။ 

    • ဒီဘက်ခေတ်လူသားတွေနဲ့ ကျောက်ခေတ်တုန်းက လူသားတွေ ယှဉ်ရင် ဘယ်သူက ပိုသိတယ်ဆိုတဲ့အကြောင်း။ 
    • လက်ရှိ ပညာသင်ကြားရေးနည်းစနစ်တွေက နောက်ကျကျန်ရစ်နေခဲ့ပြီဆိုတဲ့အကြောင်း။ 
    • နည်းပညာတွေ တဟုန်ထိုးတိုးတက်လာခြင်းရဲ့ ဆိုးကျိုးအကြောင်း။