သင်က ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုကို တည်ထောင်ထားတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်ဆိုရင် သင့်ရဲ့ကုမ္ပဏီကို တစ်နေ့နေ့မှာ ရောင်းချင်တဲ့စိတ်ကူး ရှိမှာပါ။ ဒါဆိုရင် အများနိုင်ဆုံးငွေပမာဏနဲ့ အောင်အောင်မြင်မြင်ရောင်းထွက်နိုင်ဖို့ သင့်လုပ်ငန်းကို ဘယ်လို တည်ဆောက်နိုင်မလဲ ဆိုတဲ့အကြောင်းကို ဒီစာအုပ်မှာ လေ့လာရမှာဖြစ်ပါတယ်။
ဝန်ဆောင်မှုတစ်မျိုးကိုပဲ အထူးပြုတဲ့လုပ်ငန်းကို တည်ထောင်ခြင်းက ဝယ်သူရနိုင်ခြေ ပိုများစေနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ အရောင်းဝန်ထမ်းတွေကို ခန့်ထားပြီး ဖောက်သည်အမျိုးအစား တိုးလာအောင်လုပ်မယ်၊ စီမံခန့်ခွဲရေးအရာရှိတွေကို လုပ်ငန်းအပေါ် သစ္စာရှိစေဖို့ ဆုပေးတဲ့အနေနဲ့ မက်လုံးတွေပေးမယ်ဆိုရင် သင့်ကုမ္ပဏီကို အောင်အောင်မြင်မြင် ရောင်းထွက်စေနိုင်မှာ ဖြစ်ပါတယ်။
· စွန့်ဦးတီထွင်လုပ်ငန်းရှင်များ။
· မိမိလုပ်ငန်းကို ရောင်းချလိုသူများ။
· ဝန်ဆောင်မှုလုပ်ငန်းကို အောင်အောင်မြင်မြင် ရောင်းချနိုင်မယ့်နည်းလမ်းတွေကို လေ့လာလိုသူများ။
· ဘာကြောင့် အရောင်းဝန်ထမ်းတစ်ယောက်ထက် ပိုရှိထားသင့်သလဲ ဆိုတဲ့အကြောင်း။
· သင့်ရဲ့စီမံခန့်ခွဲရေးအရာရှိတွေကို ကုမ္ပဏီမှာအချိန်ကြာမြင့်စွာ သစ္စာရှိရှိတာဝန်ထမ်းဆောင်ဖို့ ဘာလိုအပ်သလဲဆိုတဲ့အကြောင်း။
· ကုမ္ပဏီရောင်းတဲ့အခါ အကောင်းဆုံးပွဲစားလုပ်ငန်းကို ဘယ်လိုရှာဖွေနိုင်မလဲ ဆိုတဲ့ အကြောင်း။
No New Notifications