မိဘဆိုတာ သားသမီးတွေထက် အစစအရာရာ ပိုပြီးရင့်ကျက်တယ်လို့ လူ့အဖွဲ့အစည်းက လက်ခံထားပါတယ်။ ဒါပေမဲ့ ဒီအချက်က အမြဲတမ်း မှန်တယ်လို့ ယူဆလို့ မရပါဘူး။ တခါတရံမှာ ခံစားနားလည်နိုင်စွမ်း မြင့်မားတဲ့ကလေးတွေဟာ ငယ်ရွယ်စဉ်မှာပဲ မိဘတွေထက်ပိုပြီး ရင့်ကျက် နေတတ်လို့ပါ။ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ရုပ်ပိုင်းဆိုင်ရာလိုအင်တွေကို ဖြည့်ဆည်းပေးရုံနဲ့ တာဝန်ကျေပြီလို့ သတ်မှတ်လို့ မရပါ။ မိဘတွေရဲ့ စိတ်သဘောထား မရင့်ကျက်မှုက သားသမီးတွေ အပေါ် များစွာအကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။
ကလေးတွေအနေနဲ့ သူတို့ရဲ့ခံစားချက်တွေကို လျစ်လျူရှုခံရတဲ့အခါ အထီးကျန်စိတ် ခံစားရပါတယ်။ ဒီစိတ်ဒဏ်ရာတွေက အရွယ်ရောက်လာသည်အထိ ပါလာပြီး အိမ်ထောင်ကျလို့ ကလေးရတဲ့အခါ အဲဒီကလေးအပေါ် ထပ်ပြီး သက်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်မိဘတွေဟာ စိတ်သဘောထားရင့်ကျက်သူ ဟုတ်၊ မဟုတ် အကဲဖြတ်လို့ရနိုင်တဲ့ အမူအကျင့်တွေကို ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်၊ စိတ်သဘောထား ရင့်ကျက်သူတွေရဲ့ လက္ခဏာရပ်တွေကိုလဲ ဖော်ပြထားတဲ့အတွက် ဒီစရိုက်လက္ခဏာတွေကို လေ့လာသင်ယူပြီး သင့်ကိုယ်သင် ကုစားလို့ရနိုင်မှာပါ။
No New Notifications