Innovation for the Fatigued

Alf Rehn
  •  10 min
  •  Audio Available

အဖွဲ့အစည်းတွေဟာ ပုံစံတူတွေကို အထပ်ထပ်ဖန်တီးထားကြတာကြောင့် ငြီးငွေ့စရာကောင်းလှပါတယ် ။ ကုန်ပစ္စည်းအသစ်တစ်ခု ထုတ်လုပ်ဖန်တီးဖို့ ငွေအား ၊ လူအား ပါ၀င်ကူညီရမည့်အစား ဆူညံမှုတွေကိုသာ အားဖြည့်လေ့ရှိကြပါတယ် ။ ဒါကို ပေါ့ပေါ့တန်တန်တီထွင်ဆန်းသစ်မှု လို့ ခေါ်ဆိုနိုင်ပါတယ် ။ အဓိပ္ပာယ်မရှိသော အဆင့်မြှင့်တင်မှု အနည်းငယ်ကိုသာ အဖွဲ့အစည်းတွေက ပုံမှန်ပြုလုပ်တတ်ကြတဲ့ အလေ့အထဟာ ငြီးငွေ့စိတ်ပျက်ဖွယ်ကောင်းလာပြီး အဖွဲ့ရဲ့ ထုတ်လုပ်နိုင်စွမ်းတွေကိုပါ ကျဆင်းစေလာပါတော့တယ်။

ဒါကို ပြုပြင်ချင်တဲ့ ကုမ္ပဏီတွေ အနေနဲ့ကတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အရင်ဆုံးဖန်တီးရမှာ ဖြစ်ပါတယ် ။ စစ်မှန်တဲ့ ထုတ်ကုန် ၊ သက်ရောက်မှုရှိတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ကို လိုအပ်နေတဲ့ ယနေ့ခေတ် ကမ္ဘာကြီးမှာ အလုပ်သမားတွေအနေနဲ့လည်း သူတို့ရဲ့ ဖန်တီးနိုင်မှု စွမ်းအားကို ဓားသွေးသလို သွေးခွင့်ပေးလိုက်သင့်ပါတယ် ။

  • ·     အပြောင်းအလဲတွေကို ကြိုးစားကြည့်ချင်တဲ့ နည်းပညာကုမ္ပဏီရဲ့ ခေါင်းဆောင်တွေ ။

    ·     စီးပွားရေး လောကကို စိတ်၀င်စားတဲ့ မည်သူမဆို ။

    ·     အခြားသော နယ်ပယ်တွေကို ဆန်းသစ်ကာ ခြေချချင်တဲ့ အပြောင်းအလဲရှာဖွေသူတွေ ။


  • ·     Alf Rehn ဟာအဓိပ္ပာယ်မရှိတဲ့ တင်ပြမှုပြုလုပ်ရင်း နည်းပညာကုမ္ပဏီကို ဉီးဆောင်တဲ့အခါ ဘယ်လို ဖြစ်သွားကြောင်း ။

    ·     မျက်ခြေမပြတ်စောင့်ကြည့်မှုတွေအောက်မှာ အရည်အချင်းရှိတဲ့ အဖွဲ့အစည်း ဘယ်နှစ်ခုကိုတောင် လက်လွတ်လိုက်ရကြောင်း ။

    ·     ဂျာမန် ကုမ္ပဏီတစ်ခုက ပုံစံခွက်စည်းမျဉ်းတွေကို ဘယ်လိုမျိုးချိုးဖျက်ပစ်လိုက်ကြောင်း ။