The 48 Laws of Power

Robert Greene
  •  29 min
  •  Audio Available

အင်အားချင်း ပြိုင်ကြတာတွေဟာ အရင်ကလဲရှိနေပြီး နောင်လဲ ဆက်ရှိသွားမှာပဲ ဖြစ်တယ်။ ဒီလိုပြိုင်ဆိုင်ကြတာကို လျစ်လျူရှုထားလို့ ရပေမဲ့ တစ်ဖက်ဖက်ကနေ ဝင်မပြိုင်ဘဲနေလို့တော့ မရပါဘူး။ ဒီတော့သင့်အတွက် အကောင်းဆုံးရွေးချယ်မှုက စည်းမျဉ်းဥပဒေသတွေကို နား‌လည်အောင်လုပ်ပြီး အကောင်းဆုံးကြိုးစားတာပါပဲ။ သမိုင်းကြောင်းတွေအရ ကမ္ဘာကြီးကို အာဏာရယ်၊ အောင်နိုင်ခြင်းရယ်နဲ့ လွှမ်းမိုးချုပ်ကိုင်ကြတာပဲ ဖြစ်တယ်။ ဒီဘက်ခေတ်မှာတော့ တော်တော်များများပြောင်းလဲလာပြီဆိုပေမဲ့ အဓိကကျတဲ့ ထိန်းချုပ်ခြင်း၊ အာဏာလွှမ်းမိုးခြင်းတွေကတော့ ကျန်နေတုန်းပါပဲ။ 

    • ဘဝကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လိုသူများ။ 
    • လူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ပညာသားပါပါ ဆက်ဆံတတ်ချင်လိုသူများ။ 
    • အခြားသူများအပေါ် ဩဇာတိက္ကမဖြင့် လွှမ်းမိုးလိုသူများ။ 

    • တောင်းဆိုသမျှတွေကို လိုက်လျောနေခြင်းဟာ သင့်တန်ဖိုးကို ကျဆင်းစေတယ်ဆိုတဲ့အကြောင်း။ 
    • ကိုယ့်အထက်က လူထက် ကျောပြီးလုပ်ပြတာမျိုးလုပ်ရင် ရာထူးပါ ပြုတ်သွားနိုင်တယ်ဆိုတဲ့အကြောင်း။ 
    • ကိုယ်ကမှန်နေရင်တောင် ပြန်လည်ငြင်းခုံပြောဆိုတာထက် ပညာသားပါပါသက်သေပြလိုက်တာ ပိုထိရောက်မယ်ဆိုတဲ့ အကြောင်း။