စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ အဓိကရည်ရွယ်ချက်က လုပ်ငန်းတိုးတက်တက်ဖို့နဲ့ ဝင်ငွေများများရဖို့ပါပဲ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဒါက စီးပွားရေးလုပ်တာနဲ့ မတူတော့ပါဘူး။ အပျင်းပြေသက်သက် ဝါသနာအရ လုပ်နေတာနဲ့ တူပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် အသေချာဆုံးနည်းလမ်းကတော့ ရိုးရှင်းတဲ့ စီးပွားရေးဈေးကွက်ပါပဲ။ ဘယ်လိုလူတွေကို ပစ်မှတ်ထားပြီး ဘယ်လိုလမ်းကြောင်းနဲ့ လူတွေဆီရောက်အောင်သွားနိုင်မလဲ။ ဒါက အဓိက ကျပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် စီးပွားရေးလုပ်ငန်းတိုးတက်အောင် တွန်းအားပေးနိုင်တဲ့ နည်းလမ်းတွေကို အဆင့်ဆင့် ဖော်ပြထားပါတယ်။
No New Notifications