4 Essential Keys to Effective Communication in Love, Life, Work

Bento C. Leal III 
  •  13 min
  •  Audio Available

“ကောင်းမွန်တဲ့ ဆက်ဆံရေးတိုင်းဟာ မတော်တဆဖြစ်လာတာလဲ မဟုတ်သလို လိုချင်တိုင်းလဲ ရနိုင်တဲ့အရာတွေ မဟုတ်ပါဘူး” လို့ Bento C. Leal III က ရေးထားပါတယ်။ ကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာက အချိန်နဲ့အမျှ ဖန်တီးယူရတဲ့အရာဖြစ်သလို တိုးတက်ကောင်းမွန်အောင်ကြိုးစားရတဲ့အရာ ဖြစ်ပါတယ်။ ကောင်းမွန်စွာဆက်ဆံပြောဆိုခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက ချစ်ခြင်းတရားတွေအပြင် အလုပ်နဲ့ ဘဝတွေမှာ ပိုကောင်းတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်အောင်၊ စကားပြောဆိုဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ 

    • အခြားသူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ အခက်အခဲ ဖြစ်နေသူတွေ။ 
    • အခြားသူတွေနဲ့ ဆက်ဆံပြောဆိုရာမှာ မကြာခဏ နားလည်မှုလွဲတတ်သူတွေ။ 
    • ကိုယ့်ရဲ့ ပြောဆိုဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင်လိုသူတွေ။ 

    • စာနာစိတ်နဲ့ ကရုဏာကြားက ကွဲပြားခြားနားတဲ့ အရာတွေ။ 
    • ဆက်ဆံရေးတိုင်းမှာ ဘာကြောင့် စာနာစိတ် ထားရှိဖို့ လိုအပ်သလဲ ဆိုတဲ့ အကြောင်းတွေ။ 
    • စာနာစိတ် အပြည့်အဝနဲ့ ဘယ်လို ပြောဆို နားထောင်ရမလဲ ဆိုတဲ့ အကြောင်းတွေ။