လူတိုင်းက ပြီးပြည့်စုံမနေသလို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရရှိမှု အယူအဆ (အမျိုးသမီးဝါဒ)ရဲ့ ဘယ်ပုံစံမဆိုဟာလဲ ပြီးပြည့်စုံ မနေပါဘူး။ ဒါကြောင့် ပြီးပြည့်စုံတဲ့ အမျိုးသမီးဝါဒကို တွေ့ရှိဖို့ စောင့်မနေပါနဲ့။ စံပြအမျိုးသမီးဝါဒီတယောက်ဖြစ်ဖို့ ကြိုးစားရင်းနဲ့လဲ အချိန်တွေ ဖြုန်းမနေပါနဲ့။ အဲဒါတွေလုပ်မယ့်အစား အမျိုးသမီးဝါဒီမဆန်သူတစ်ယောက်သာ ဖြစ်လိုက်ပါ။ ဒီနေရာမှာ လူတိုင်းရဲ့စကားသံကို ထည့်တွက်ထားပါတယ်။ အမျိုးသမီးဝါဒီမဆန်သူတွေ ပိုများလေ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ ပိုတိုးတက်လာပြီး အများနဲ့တန်းတူ အားလုံးပါဝင်လာနိုင်လေ ဖြစ်မှာပါ။ အမျိုးသမီးဝါဒအကြောင်း ပြောကြရာမှာ၊ လူမျိုး၊ ကျား၊ မ ဖြစ်တည်မှုနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေရဲ့ အပြန်အလှန်ဆက်နွယ်နေတဲ့အကြောင်းများကို ဆွေးနွေးကြခြင်းဖြင့် ကျွန်မတို့တွေးခေါ်ပုံတွေ ပြောင်းလဲလာမှာဖြစ်သလို ကမ္ဘာကြီးရဲ့ တွေးခေါ်ပုံတွေလဲ ပြောင်းလဲလာမှာ ဖြစ်တယ်။
No New Notifications