“ဦးထုပ်ခြောက်လုံး တွေးခေါ်နည်း” ဆိုတာ အတွေးဦးထုပ် (၆) မျိုးဆောင်းပြီး မတူညီတဲ့ ရှုထောင့်တွေကနေ စဉ်းစားတဲ့နည်းလမ်းကို ဆိုလိုပါတယ်။ လူတွေကို ပိုမိုထိရောက်စွာ တွေးခေါ်နိုင်စေပြီး အလုပ်တွင်စေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဦးထုပ် (၆) လုံးက ဘာတွေလဲဆိုရင်တော့-
(၁) အခြေအနေကို ခြုံကြည့်တဲ့ အပြာရောင်ဦးထုပ်၊
(၂) သတင်းအချက်အလက်စုဆောင်းတဲ့ အဖြူရောင်ဦးထုပ်၊
(၃) စိတ်ခံစားမှုပြသတဲ့ အနီရောင်ဦးထုပ်၊
(၄) ဝေဖန်ပိုင်းခြားတဲ့ အနက်ရောင်ဦးထုပ်၊
(၅) အပြုသဘောဆောင်တဲ့ အဝါရောင်ဦးထုပ်နဲ့
(၆) စိတ်ကူးအသစ်အဆန်းတွေအတွက် အစိမ်းရောင်ဦးထုပ် တို့ဖြစ်ပါတယ်။
တွေးခေါ်ခြင်းဆိုတာ လေ့ကျင့်ယူရတဲ့ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ ဖရိုဖရဲ တွေးမိတွေးရာ တွေးခြင်းထက်စာရင် ဦးထုပ်ခြောက်လုံး တွေးခေါ်နည်းကို အသုံးပြုခြင်းက ရှုထောင့်တစ်ခုစီကို ထိထိရောက်ရောက်တွေးနိုင်ပြီး ပြဿနာဖြေရှင်းရာမှာ ဆန်းသစ်တဲ့ စိတ်ကူးတွေကို ဖော်ထုတ်နိုင်ပါတယ်။ ဒါ့အပြင် တွေးခေါ်တဲ့အချိန်မှာ သုံးလိုက်ရမဲ့ စွမ်းအင်ပမာဏနဲ့ အတွေးများခြင်းတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။
· အဖွဲ့တစ်ခုကို ဦးဆောင်နေရသူများ။
· ဆုံးဖြတ်ချက်ချဖို့ အတွက် ထိရောက်တဲ့ တွေးခေါ်နည်းကို လေ့လာလိုသူများ။
· မန်နေဂျာများနဲ့ စီအီးအိုများ။
· စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ဖို့ ဘယ်အချိန်က အကောင်းဆုံးဖြစ်သလဲ ဆိုတဲ့အကြောင်း။
· ရွေးချယ်မှုမမှားဖို့ဟာ ဘာကြောင့်အရေးကြီးကြောင်း။
· ဦးထုပ်ခြောက်လုံးတွေးခေါ်နည်းကိုသုံးပြီး ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ အကြောင်း။
No New Notifications