The Richest Man in Babylon

George Samuel Clason
  •  15 min
  •  Audio Available

တစ်ခါတုန်းက ဘေဘီလုံ (Babylon) ရှေးဟောင်းမြို့လေးမှာ အာခက် (Arkad) လို့ခေါ်တဲ့ အင်မတန်ချမ်းသာတဲ့လူတစ်ယောက် ရှိပါတယ်။ ဒါကိုမြင်တဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဟာ အာခက်ဆီကို သွားပြီး ဒီလိုချမ်းသာလာအောင် ဘယ်လိုလုပ်ခဲ့လဲဆိုပြီး မေးကြပါတယ်။ သူတို့ကျတော့ နေ့တိုင်းအလုပ်တွေ အရမ်းကြိုးစားတာတောင် မိသားစုကို ကျွေးမွေးနိုင်ရုံလောက်ဆိုတော့ ဒီလို‌မေးချင်တာလဲ မဆန်းပါဘူး။ အာခက်က ပြုံးပြီး ပြောပြခဲ့ပါတယ်။ သူလဲ အခြားသူကြွယ်တစ်ယောက်ဆီကနေ ခိုင်းတာလုပ်ပေးတဲ့အဖိုးအခအနေနဲ့ ချမ်းသာဖို့နည်းလမ်းကို ရခဲ့တာဖြစ်တယ်လို့ ပြောပြပါတယ်။ အဲ့ဒီနည်းကတော့  ကိုယ်ရသမျှငွေတွေရဲ့ တစ်စိတ်တပိုင်းကို စုထားဖို့ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရလာသမျှ‌ ငွေတွေကို အကုန် မသုံးဘဲ ဉာဏ်ရှိရှိ ပြန်လည်ရင်းနှီးမြုပ်နှံ အသုံးချဖို့ ဖြစ်ပါတယ်။ အာခက်ကတော့ ငွေတွေ တဖြည်းဖြည်းချင်း စုပြီး စတင်ခဲ့တာပါ။ အဲ့ဒီ စုထားတဲ့ငွေတွေကို ဒိုင်းလုပ်တဲ့သူဆီကို ‌ပြန်ချေး၊ သူ့ဆီကနေ အတိုးရ၊ ဒီလို အစပြုပြီး အာခက်တစ်ယောက် ချမ်းသာလာတာ ဖြစ်ပါတယ်။

  • ·      ကျောင်းပြီးစ လူငယ်များ။

    ·      ငွေကြေးကို စနစ်ကျကျ သုံးစွဲချင်သူများ။

    ·      မိမိရဲ့ ချမ်းသာကြွယ်ဝမှုကို နောက်တစ်ဆင့်သို့ တက်လှမ်းချင်သူများ။

  • ·      ငွေကြေးကို ဘယ်လိုစီမံရမလဲဆိုတဲ့ အကြောင်း။

    ·      ငွေကို ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်တယ်ဆိုတဲ့အကြောင်း။

    ·      နည်းလမ်းသာမှန်ရင် ချမ်းသာတဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း။