How to Be an Antiracist

Ibram X. Kendi
  •  15 min
  •  Audio Available

လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူဆိုတာ လူမျိုးနဲ့သက်ဆိုင်တဲ့ မမျှတမှုတွေကို ဆန့်ကျင်တိုက်ခိုက်သူပါပဲ။ လူမျိုးရေးခွဲခြားဆက်ဆံတဲ့ စိတ်ကူးတွေကနေ မူဝါဒဖြစ်လာပြီး ဒီမူဝါဒတွေကြောင့် လူမျိုးရေး မညီမျှတာတွေ ဖြစ်လာပါတယ်။ လူမျိုး​ရေးခွဲခြားတာကို ဆန့်ကျင်သူဟာ လူမျိုးအုပ်စုတိုင်းက တန်းတူပဲဆိုတာကို လက်ခံပြီး တရားမမျှတတာတွေ လျှော့ချ​ပေးမယ့် မူဝါဒတွေကို ကူညီထောက်ပံ့ရပါမယ်။ လူမျိုးရေးခွဲခြားတာကို ဆန့်ကျင်မယ်ဆိုရင် လူမျိုးတိုင်းမှာ မတူကွဲပြားခြားနားချက်တွေရှိတာကို အသိအမှတ်ပြုရပါမယ်။ ဒါပေမဲ့ ဒီလိုကွဲပြားခြားနားတာတွေက မညီမျှမှုတွေကို ဖြစ်စေတာမဟုတ်ဘဲ မူဝါဒတွေကြောင့် ဆိုတာကို နားလည်ဖို့လိုပါတယ်။ ပြီးရင်တော့ ခွဲခြားဆက်ဆံတဲ့ အတွေးအခေါ်၊ အယူအဆ၊ လုပ်ဆောင်ချက်တွေကို တိုက်ခိုက်ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားတဲ့ပုံစံတွေဖြစ်တဲ့ အသားအရောင်ခွဲခြားဆက်ဆံတာ၊ ခွဲခြားဆက်ဆံခံရသူအချင်းချင်း ပြန်လည်ခွဲခြားဆက်ဆံတာ၊ လူမည်းတစ်ယောက်ကနေ လူဖြူဆိုတာနဲ့ ရန်လိုမုန်းထားမကောင်းမြင်တာ စတဲ့ခွဲခြားမှုတွေကို တစ်စစီ ဖြိုဖျက်သွားဖို့လိုအပ်ပါတယ်။

  • ·      လူမျိုးရေးခွဲခြားတာကို ဆန့်ကျင်လိုသူများ။

    ·      လူမှုပတ်ဝန်းကျင်မှာ မညီမျှမှုတွေမလိုလားသူများ။

    ·      လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားသူများ။

  • ·      လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အကြောင်း။

    ·      လူမည်းတွေဟာလဲ ဘယ်လိုမျိုး လူမျိုးရေးခွဲခြားတတ်ကြသလဲဆိုတဲ့အကြောင်း။

    ·      လူမျိုးရေးခွဲခြားခြင်းနဲ့ ကင်ဆာရောဂါရဲ့ တူညီမှုအကြောင်း။