ဂျပန်ဘာသာစကားလုံးဖြစ်တဲ့ "အိခိဂိုင်း" ဆိုတာက "တစ်စုံတစ်ခုကို လုပ်ကိုင်နေခြင်းအနုပညာ" လို့ အဓိပ္ပါယ်ရပါတယ်။ ပိုပြီးတိတိကျကျဆိုရရင် "အလုပ်များအောင်နေရင်းကနေ ရတဲ့ ပျော်ရွှင်မှု" ပဲ ဖြစ်ပါတယ်။ နေ့ရက်တိုင်းမှာ သင့်ကိုတွန်းအားပေးမဲ့ ရည်ရွယ်ချက်တစ်ခုကို ရှာဖွေခြင်းအားဖြင့် သင့်ရဲ့ခွန်အားအပေါ် အာရုံစူးစိုက်လာနိုင်ပြီး အသက်ပိုရှည်စေမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းသူ၊ ကျွန်းသားတွေက အစားအစာမျှတအောင်စားတာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာ၊ လူမှုဆက်ဆံရေးဘဝ ကောင်းမွန်တာနဲ့ ရှင်သန်ရပ်တည်ဖို့ ရည်ရွယ်ချက်တစ်ခုရှိတာတွေကြောင့် အခြားနေရာတွေထက် သက်တမ်းပိုရှည်ကြပါတယ်။ သူတို့ရဲ့ နေထိုင်ပုံ၊ တွေးခေါ်ပုံတွေကို သင်ခန်းစာယူခြင်းဖြင့် သင့်ရဲ့ အိခိဂိုင်း (ရည်ရွယ်ချက်/လုပ်ဆောင်စရာတစ်ခုခု) ကို ရှာဖွေ၊ ဖော်ဆောင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။
· ကျန်းမာပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ချင်သူများ။
· အသက်ရှည်ရှည်နေချင်သူများ။
· မိမိဘဝရဲ့ အဓိပ္ပါယ်ကိုရှာဖွေချင်သူများ။
· နစ်ဝင်စီးမျောခြင်း စိတ်အခြေအနေ (Flow state) အကြောင်းနဲ့ ဘာကြောင့် အရေးကြီးရသလဲ ဆိုတဲ့အကြောင်း။
· အိုကီနာဝါကျွန်းသူကျွန်းသားတွေက သူတို့ရဲ့ဘဝကို ဘယ်လို ရှုမြင်ကြသလဲဆိုတဲ့အကြောင်း။
· မိုအားအိ လို့ခေါ်တဲ့ အပေါင်းအသင်းမိတ်ဆွေဆက်ဆံရေးက ဘာလို့ အရေးကြီးသလဲဆိုတဲ့အကြောင်း။
No New Notifications