The Wisdom of Finance

Mihir A. Desai
  •  15 min
  •  Audio Available

ဘဏ္ဍာရေးဆိုတာ တစ်ခါတလေမှာ လောဘကြီးတာ၊ တာဝန်ယူမှုမရှိတာတွေနဲ့ မကင်းပေမဲ့လဲ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေအများကြီး ပါဝင်တဲ့ ဘာသာရပ် ဖြစ်ပါတယ်။ အာမခံထားရှိမှုက စလို့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်တာအထိ ဘဏ္ဍာရေးလုပ်ငန်းတွေကနေ ဘဝအတွက် သင်ယူရနိုင်တာ အများကြီး ရှိပါတယ်။ တစ်ခုခု ရရှိအောင် အကြွေးယူဖို့ လို၊ မလိုကို ရှင်းလင်းပြထားပါတယ်။ အထူးသဖြင့် ကိုယ်ကျင့်တရားနဲ့ညီအောင် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရတာဟာ ဘဝမှ မဖြစ်မနေ ကြုံရတာဖြစ်ကြောင်းနဲ့ စောစောကြုံရလေလေ စောစောရင့်ကျက်လေလေ ဖြစ်ကြောင်းကို ဘဏ္ဍာရေးက သင်ပေးနိုင်ပါတယ်။

  • ·      ရင်းနှီးမြုပ်နှံသူများ၊ ဘဏ်လုပ်ငန်းရှင်များနှင့် အာမခံ လုပ်ငန်းလုပ်ကိုင်သူများ။

    ·      ဘဏ္ဍာရေးဆိုင်ရာပိုင်းမှာ ကိုယ်ကျင့်တရားကောင်းမွန်မှုကို ရှာဖွေလိုသူများ။

    ·      စာပေနဲ့ ငွေကြေး ချိတ်ဆက်နေပုံကို စိတ်ဝင်စားသူများ။

  • ·      ဘဏ္ဍာရေးလုပ်ငန်းကို လူတွေ ဘာကြောင့် အပြစ်မြင်နေကြောင်း။

    ·      သမ္မာကျမ်းစာရဲ့ ငွေကြေးကို ဖော်ပြပုံဟာ လွဲချော်နေခဲ့ကြောင်း။

    ·      ကျွန်ုပ်တို့အားလုံးဟာ “အလုပ်ရှင်”ရော “အလုပ်သမား”ရော ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်များ။