အမေရိကန်ဟာသသရုပ်ဆောင် ဂျယ်ရီဆိန်းဖဲလ် ပြောခဲ့တဲ့စကားတစ်ခွန်းဟာ လူတွေရဲ့လူပုံအ လယ်မှာ စကားပြောရမှာကို ဘယ်လောက်တောင် ကြောက်ကြသလဲဆိုတာကို ကောင်းကောင်းကြီး ဖော် ပြလို့နေပါတယ်။ သူပြောခဲ့တာကတော့ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ သေရမှာကို အကြောက်ဆုံး ဖြစ်ပြီး အဲ့ဒီနောက် ဒုတိယလိုက်တဲ့ အကြောက်ဆုံးအရာကတော့ လူပုံအလယ်မှာစကားပြောရခြင်း ပါပဲတဲ့။ ဒီစကားကိုသူဟာ လေ့လာမှုတစ်ခုကိုကိုးကားပြီး ပြောခဲ့တာဖြစ်ပါတယ်။ လူတွေဟာ ဈာပန တစ်ခုတက်ရင်တောင်မှ လူသေအတွက် နှုတ်ဆက်ချီးမွမ်းစကား ပြောရမယ့်အစား ခေါင်းတလားထဲမှာပဲ ဝင်အိပ်လိုက်ချင်ကြဦးမယ်လို့ သူကဆိုပါတယ်။
လူတိုင်းလူတိုင်းမှာ အရေးကြီးတဲ့မျှဝေစရာတစ်ခုခုတော့ ရှိကြစမြဲပါ။ ဒီလိုမျှဝေဖို့ဆိုရင်တော့ လူပုံအလယ်မှာ စကားပြောကိုပြောရမှဖြစ်ပါလိမ့်မယ်။ မိသားစုတွေ့ဆုံပွဲတွေ၊ ရုံးအစည်းအဝေးတွေ၊ အလုပ်ရုံအစည်းအဝေးပွဲတွေ၊ လူမှုရေးပွဲတွေနဲ့ နိုင်ငံရေးဟောပြောပွဲတွေစသဖြင့် ဘယ်တစ်ခုမှာမဆို လူပုံအလယ်စကားပြောခြင်းက မဖြစ်မနေပါဝင်နေပါတယ်။
ဒါ့အပြင် ဟားဗတ်စီးပွားရေးစာစောင်ရဲ့ဖော်ပြချက်အရဆိုရင် "ထိရောက်တဲ့ ဆက်သွယ်ပြောဆို မှု" ဟာ ရာထူးတိုးဖို့အတွက် လိုအပ်တဲ့နံပါတ်တစ်အရည်အချင်း ဖြစ်ပါတယ်။ အလုပ်ခွင်ပြင်ပမှာလည်း စကားပြောကောင်းမွန်ခြင်းဟာ ခိုင်မြဲတဲ့လူမှုဆက်ဆံရေးတွေ တည်ဆောက်ဖို့နဲ့ သင့်ရဲ့ရည်မှန်းချက် တွေကို အကောင်အထည်ဖော်ဖို့အတွက် အသေချာဆုံးနည်းလမ်းတစ်ခုပါပဲ။
စာရေးသူဂျွန်စီမက်စ်ဝဲလ်ရဲ့ ဆက်သွယ်ပြောဆိုရေး နိယာမ ၁၆ သွယ်ဆိုတဲ့စာအုပ်မှာ သင်ဟာ ကောင်းမွန်ဖြောင့်ဖြူးတဲ့ဆက်သွယ်ပြောဆိုခြင်းတွေ သေချာပေါက်ပြုလုပ်နိုင်စေရမယ်လို့ အာမခံထား တဲ့စည်းမျဥ်းနိယာမတွေ သင်ယူလေ့လာရပါမယ်။ ဒီစည်းမျဥ်းတွေကို လက်တွေ့အသုံးချနိုင်မယ်ဆိုရင် သင့်ရဲ့နှုတ်ထွက်စကားတွေဟာ သင့်ရဲ့တိုးတက်ရာလမ်းကြောင်းကို တည်ဆောက်ပေးရုံသာမက ဘေး ပတ်ဝန်းကျင်ကလူတွေကိုပါ တိုးတက်အောင်မြင်စေဖို့ စိတ်ဓာတ်ခွန်အားပေးနိုင်ပါလိမ့်မယ်။
No New Notifications