ကျွန်မတို့ဟာ ပြဿနာတစ်ခု "ဘာကြောင့် ဖြစ်တာလဲ" လို့ သိရုံနဲ့တင် အပြောင်းအလဲကို မဖန်တီးနိုင်ပါဘူး။ တကယ့်အပြောင်းအလဲ ဖြစ်ဖို့ဆိုရင် ဒီပြဿနာကို လက်တွေ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ လိုအပ်ပါတယ်။ ဒီစာအုပ်မှာဆိုရင် ကြောက်ရွံ့တာ၊ ဘဝတိုးတက်မှု ရပ်တန့်နေတာနဲ့ ကိုယ့်ကိုယ်ကိုယ် လမ်းမှားအောင် လုပ်မိတာတွေကို ကျော်လွှားနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ နည်းလမ်း ၅ ခုကို ပြောပြထားပါတယ်။
ဘဝမှာ နာကျင်မှု၊ မရေရာမှုနဲ့ ကြိုးစားအားထုတ်မှု ဆိုတာတွေက ရှောင်လွှဲလို့မရတဲ့ အရာတွေပါ။ ဒါတွေကို ရှောင်လွှဲဖို့ ကြိုးစားလေ ပိုပြီး စိတ်ဆင်းရဲရလေပါပဲ။ ဒါကြောင့် အခက်အခဲတွေကို ဖယ်ရှားဖို့ ကြိုးစားမဲ့အစား၊ ရှေ့ဆက်တိုးဖို့ တွန်းအား (လောင်စာ) အဖြစ် အသုံးချပါ။
အတိုချုပ်ပြောရရင် ဒီစာအုပ်က မိမိကိုယ်မိမိ တိုးတက်အောင်လုပ်တာဟာ နေ့စဉ်နဲ့အမျှ သတ္တိရှိရှိ၊ စည်းကမ်းရှိရှိနဲ့ လက်တွေ့ကျကျ ရုန်းကန်လှုပ်ရှားရမဲ့ အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
No New Notifications